အပိုင်း(၁၁) uni-zaw

Start from the beginning
                                    

" မသိဘူး!! ငါ့မိန်းမဆိုပြီးမဏ္ဍုပ်တိုင်တက်မပြနဲ့နန်းစုယဥ် မင်းလိုမိန်းမကိုငါဘယ်တော့မှအထင်ကြီးလာမှာမဟုတ်ဘူးကိုယ့်အဆင့်ကိုယ်သိ"

"ငါအခုနင့်ကိုဘာပြောနေလို့လဲ ညီခန့် ငါတစ်ယောက်တည်းမအိပ်ရဲလို့နင်လာအိပ်ပေးဖို့ပြောနေတာလေ လာခဲ့ပါငါစောင့်နေမယ်"

"..."

ဒီလိုဆိုပြန်တော့လည်းညီခန့် မိန်းခလေးတစ်ယောက်အားနှိပ်စက်ရာကျပြန်တော့သည်ယဥ့်
ကိုပြောဆိုမိပြန်တော့လည်း စိတ်မကောင်းချေ..သူ့ဖက်ကလွန်သွားပြီလား...ကျစ်!!
နန်းစုယဥ်ငါ့ကိုဘယ်အချိန်ထိဒုက္ခပေးနေမှာလဲ...
ကားသော့ယူကာ အခန်းမှထွက်လာလိုက်တော့သည်
.

.
.

ယဥ်တစ်ယောက် ဧည့်ခန်းတွင်စိတ်ပျက်စွာထိုင်လျှက် ဟန်နီပြောသလိုချွဲချင်ပယ်မယ့် ယဥ်က ညီခန့်အား 'နင်မလာရင်ငါလာခဲ့မယ်ဆိုပြီး' ခြိမ်းခြောက်သလိုဖြစ်သွား၏ ခက်ခဲလိုက်တာ အရင်တုန်းကလွယ်သလောက်ခုကျမှဘာလို့ခက်ခဲရတာလဲ ...အရင်တုန်းက ညီခန့်ကပါ အလိုတူစွာဆက်ဆံတော့ယဥ့်အတွက်အဆင်ပြေ၏ ခုကျတော့ ယဥ့်ဖက်ကစချွဲရမှာနဲ့ ဟိုဖက်က ယဥ့်အားခါးခါးသီးသီးပင်....

ဟန်နီပြောတာတွေကိုအတွက်ရတော့ ယဥ်အပေါ်ပြန်တက်ကာ ဆံပင်ရှည်တွေကို ချထားလိုက်ကာနှုတ်ခမ်းနီဆိုးလိုက်၏

"အမလေး!!!ဘုရားကြီးငုတ်တုတ်"

၀တ်ထားတဲ့ဂါ၀န်ကအဖြူရောင်ရယ် ဖြန့်ချထားတော့ဆံပင်ရှည်ရှည်ရယ် ဆိုးထားတဲ့နှုတ်ခမ်းနီနဲ့
night jutyအဆင်းများတော့ ညိုနေသောမျက်ကွင်းရယ်က ဇာတ်ကားထဲမှ သရဲနဲ့တူနေ၏ မှန်ထဲတွင်ကိုယ့်ပုံကိုယ်ကြည့်ပြီးလန့်ရသည်အထိပင် ယဥ့်အားသရဲကားခေါ်ရိုက်ရင်တော့အဆင်ပြေနိုင်၏ ဒီပုံစံကိုညီမြင်ရင် ကုတင်ပေါ်မရောက်ခဲ့ပဲ နှလုံးဖောက်ပြီးကြွသွားနိုင်သေးသည်

ယဥ် ဂါ၀န်ကိုပြန်လဲလိုက်ပီးပေါ့ပေါ့ပါးပါးအိမ်နေ၀တ်ဖို့၀ယ်ထားသော စပန့်၀မ်းဆက်ကိုသာထုတ်၀တ်လိုက်တော့သည်

(ဖက်ရှင်အမြင်ရှိသော့ နာ့စမ🙂)

ဆံပင်ကိုထုံးထားလိုက်ပြီး နုတ်ခမ်းနီကိုလည်းဖျက်ပစ်လိုက်လေသည် စိတ်ပျက်စွာဧည့်ခန်းဆီကိုပဲပြန်ဆင်းလာပြီး ထိုင်နေလိုက်တော့သည်
ခဏကြာတော့ ကားသံကြား၍ ယဥ်အပြင်ကိုအပြေးတပိုင်းထွက်ပြီးတံခါးဖွင့်ပေးလိုက်သည်

ရင်ခွင်တစ်စုံသို့တမ်းခြင်းWhere stories live. Discover now