လီမန်က သူပြောလာတဲ့စကား​တွေကို သိပ်မရှင်းမလင်းဖြစ်နေတာကြောင့် လီရှောင်းဝူကသာ မျက်တောင်တွေတဖျတ်ဖျတ်ခတ်ပြရင်း ပြုံးပြလာသည်။

လီက ရှက်ကိုးရှက်ကန်းနဲ့ မသက်မသာဖြစ်နေတာကြောင့် သူကသူ့ညီငယ်လေးရဲ့လက်ကိုဆွဲကာ အရှေ့ဘက်အိမ်ထဲသို့ခေါ်သွားတော့သည်။

လီမန်သည် အရှေ့ဘက်အိမ်တံခါးကိုဖွင့်ထားခဲ့ကြောင့် ခိုးကြောင်ခိုးဝှက်ဖြင့် ကြည့်လိုက်သော်လည်း လူနှစ်ယောက်ကအိမ်အတွင်းထဲမှာမို့ သူမဘာမှမ​မြင်ရပါချေ။

သို့ရာတွင်လည်း အနှီကောင်လေးမှာ ဒီမိသားစုထဲက မိသားစုဝင်တစ်ယောက်ပဲဆိုတာ သူမသိနေပြီဖြစ်သည်။

သူတို့ရဲ့ တူညီတဲ့အချက်လေးတွေနဲ့ သူမရဲ့ထင်မြင်ချက်ကို အတည်ပြုပြီးဆိုပေမဲ့လည်း ညီအကိုငါးယောက်ဆိုတာကြီးကတော့ အနည်းငယ်ပိုတယ်ဟုခံစားနေရတုန်းပင်။

ညနေခင်း နေကျသွားတဲ့အခါမှာတော့ ခြံဝင်းထဲမှာလှန်းထားတဲ့ စောင်နဲ့အခင်း​တွေက ခြောက်သွေ့ကုန်ပြီဖြစ်သည်။ စောင်တွေကလည်း (နေဒဏ်ကြောင့်) အနည်းငယ်တောင် ပူနွေးနေသေး၏။

လီမန်က အဝတ်တွေကိုရုတ်လိုက်ပြီး အနောက်ဖက်အိမ်ရဲ့ တန်းလျားပေါ်မှာ လိပ်တင်ထားလိုက်သည်။ စောင်တွေကိုခေါက်ပြီးတဲ့နောက် သူမက အဝတ်တွေကိုချုပ်ဖို့ပြင်လိုက်သည်။

အဝတ်တွေချုပ်ရတာက လီမန်စိတ်ကူးထားတာထက် ပိုရှုပ်ထွေးသည်။ အပ်နဲ့အပ်ချည်တစ်ချောင်းရုံရှိပုံဖြင့် အဝတ်အစားချုပ်လို့ရပြီ ထင်ခဲ့တာဖြစ်သည်။ အပ်ပေါက်ထဲကို အပ်ချည်ထပ်ရတာကိုက အချိန်အတော်ကြာပြီး စိတ်လည်းအတော်ရှည်ရသေး၏။

မြင်ရသလောက်က ထိုးလိုက်ထုတ်လိုက် လုပ်ရုံပဲဆိုပေမဲ့ အတော်ကိုခက်ပြီး အဝတ်ကောင်းတွေကို မချုပ်လိုက်ရရုံသာမက ​ပျက်တောင်ပျက်စီးသွားအုံးမည်။

အဲ့လိုနည်းနဲ့ သုံး၊လေးချက်လောက် ထိုးပြီးနောက်ဆုံးတော့ လီမန့်မှာချွေးတွေပင်ပျံလာပြီး သူမလက်ချောင်းတွေလည်း နာလာတော့သည်။ စောင်ကထူလွန်းတာကြောင့် နောက်ထပ် အဝတ်စနှစ်စကိုပါထည့်ချုပ်နေရ၏။

ကံကောင်းသော ဇနီးသည်Where stories live. Discover now