သူက သူ့ညီငယ်ပြောတာကိုနားထောင်ပြီးနောက် ခေါင်းမော့လာပြီး သူ့ညီကို သတိပေးလိုက်သည်။

" သူမဘက်ကဆန္ဒမရှိတဲ့ရက်မတိုင်ခင်အထိတော့ သူမကငါတို့မိန်းမ,မဟုတ်ဘူး! အဲ့လောက်ကြီးပူပန်မနေနဲ့ "

လီယန်က ပန်းကန်တွေဆေးပြီးသည်နှင့် သူ့လက်တွေကို သုတ်လိုက်သည်။ သူက လီရှူ့ပခုံးကိုပုတ်လိုက်ပြီး

" အမ်း... အကိုကြီး! "

" ကျွန်တော်ကသူမဘာလုပ်နေလဲ သိချင်ရုံလေးတင်ပါ "
လီရှူက သူမှားယွင်းသွားသလိုပင်ခံစားလိုက်ရသည်။ သူ့ကိုနည်းနည်းပါးပါးလောက်တောင် ဂရုပြုပေးလို့မရဘူးလား။

" ကောင်းပြီ! ဘာမှပြောစရာမရှိတော့ဘူးဆိုရင် ငါးကန်ကိုသွားမလို့ ကျွန်တော်နဲ့လိုက်ခဲ့ကြ, ညနေစာအတွက်ငါးရှိအုံးမယ်ထင်တာပဲ "
လီယန်ကဝင်ပြောလိုက်သည်။

" အမ်း... ကောင်းသားပဲ၊ ရှောင်းဝူ အကိုနဲ့အတူလိုက်မလား? တတိယအကိုက မင်းကို ရွှံ့တွေနဲ့ကစားဖို့ခေါ်သွားပေးမယ် "

" ဟုတ်ကဲ့! " လီရှောင်းဝူက လက်ခုပ်တီးလိုက်ရင်းကနေ မျက်စိတမှိတ်အတွင်းမှာပင် ခေါင်းယမ်းလိုက်ပြန်သည်။

" မသွားလို့မရဘူးလား? တတိယအကိုကျွန်တော် အိမ်မှာပဲနေခဲ့ချင်တယ် "

" ဘာလို့မသွားချင်တာတုန်း? ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ​အဲ့လိုဆော့ရတာကိုပဲ ကြိုက်နေခဲ့တာမဟုတ်ဘူးလား?"
လီရှူကအံ့သြသွားခဲ့သည်။

လီာန်က ကောင်လေးရဲ့ အတွေးကို သိနေကာ
" ထားလိုက်ပါ၊ ရှောင်းဝူကို အိမ်မှာပဲကျန်ခဲ့ပါစေ၊ သူကဟိုအမျိုးသမီးနဲ့ အသင့်တော်ဆုံးပဲကို "

အဲ့လိုနဲ့ပဲ လီရှောင်းဝူကအိမ်မှာကျန်ခဲ့ပြီး ကျန်တဲ့ညီအကိုသုံးယောက်ကတော့ အလုပ်လုပ်ဖို့ အပြင်ပြန်ထွက်သွားကြသည်။

___

လီမန်က ထိုင်နေရင်းကနေ တစ်ရေးတမောအိပ်ပျော်သွားလိမ့်မယ်ဟု မထင်မှတ်ထားခဲ့ပေ။ သူမက အချိန်အတော်ကြာအောင် စိတ်ရှုပ်ထွေးနေပြီး သူမမျက်လုံးတွေကိုဖွင့်လိုက်တဲ့အခါ တံခါးဘောင်ဘေးမှာရပ်ကာ သူမကိုပြုံးပြနေတဲ့ လီရှောင်းဝူကိုတွေ့လိုက်သည်။

ကံကောင်းသော ဇနီးသည်Where stories live. Discover now