"ကောင်းပြီ ကိုယ်တော့်သမီးတော်လေးကိုစောက်ရှောက်လာခဲ့ရတာပင်ပန်းပြီ ကျေးဇူးဆပ်မကုန်ပါဘူး"

"မခံယူဝင့်ပါဘူး ကျွန်တော်မျိုးမ ဒီကလေးတွေသားအဖနှစ်ယောက်မင်းကြီးအရိပ်မှာနေနိုင်ရင်ကျေနပ်ပါပြီ"

ကျေးဇူးတင်ထိုက်တဲ့သူကို‌‌တော့သေချာပေါက်ကျေးဇူးဆပ်ရမယ်မှန်းသိပေမဲ့ ဝမ်ချန်းစကားတွေ ဘောက်ဆတ်ဆတ်နိုင်နေပါသည်

အကြောင်းသည်ကား အီယော့ဆိုတဲ့လက်တောက်လောက်လေးကြောင့်ဖြစ်ပါသည်

"သခင်ယော့လေး.. မဟုတ်ပါဘူး ..ယော့လေး ဒီကိုလာဆွဲထားတာလေးပြပါဦး"

ဆွန်းမင်ကအနားတောင်ခေါ်လိုက်သေးသည် သေချာထိုင်ပြီးလက်နှစ်ဖက်နဲ့ကမ်းပေးလာတဲ့စာရွက်မှာအွန်းလေးနဲ့တစ်ပုံစံတည်းတူတဲ့ မှင်ဆေးပန်းချီတစ်ခုဖြစ်သည်

တစ်ပုံစံတည်းကိုမှဖောင်းဖောင်းအစ်အစ်ပါးအိအိလေးတွေကအစတူသည်

"ကြည့်ပါဦး အွန်လေးပုံဆွဲထားတာ အီယော့လေးကပါရမီကိုပါတာ ဒါနဲ့မင်းကြီး အွန်းလေးနဲ့ယော့လေးကိုတူတူပညာသင်ခိုင်းရင်မကောင်းဘူလား"

အဟွတ်!

ဆွန်းမင်ကချီးကျူးလျက်ထပြောလာတော့ဝမ်ချန်းသောက်နေတဲ့ရေနွေးကြမ်း‌တောင်သီးသည်

သူ၏သမီးတော်အလှလေးအား ဒီလိုကုပ်ကမြင်းဖြစ်လောက်မည့်ကောင်နဲ့ပညာအတူသင်ရမယ်

ဝမ်ချန်းစဉ်းစားရကြပ်နေပေမဲ့

"အဟမ့်း နန်းပြင်ကစာသင်ကျောင်းမှာ အထူပညာသင်ခွင့်ကို..."

"နန်းတော်ထဲကစည်းကမ်းတွေကိုမသိပေမဲ့ အွန်းလေးနဲ့ကျွန်တော်မျက်နှာနဲ့ကိုထောက်ပြီးစီစဉ်ပေးလို့မရဘူးလား ဟင် မင်းကြီး"

ဆွန်းမင်အနေနဲ့တစ်ခါမှဒီလောက်တောင်းဆိုဖူးတာမဟုတ်သလို ဝမ်ချန်းစကားလည်းအများကြီးမပြောဖူးပါ

ဒါပေမဲ့ မြို့စားကတော်မိသားစုကဆပ်မကုန်နိုင်တဲ့ကျေးဇူးကြွေးရှိတာမို့လို့ ပြည့်စုံပြီးသားမိသားစုအတွက်လက်ဆောင်ပဏာတွေအစား သခင်လေးအီယော့၏ပညာရေးကိုစီမံပေးခြင်းကသာကောင်းမွန်တဲ့အလားအလာဖြစ်လာမည်ဟုထင်သည်

You've reached the end of published parts.

⏰ Last updated: May 05 ⏰

Add this story to your Library to get notified about new parts!

Wild flower Kim Where stories live. Discover now