ဒါပေမဲ့လည်း ဒီလူက ရုတ်တရက်ကြီးပြန်လာတာဆိုတော့ သူမအစားအသောက်အတွက်ပိုလုပ်ရတော့မယ်လေ။

သူမက တောကောင်နှစ်တွဲကို ထုတ်ကာ အင်တုံထဲထည့်လိုက်၏။

အဲ့အမျိုးသားက အရပ်ရှည်ပြီး ထွားတာ​ကြောင့် ဒီအသားပမာဏက နည်းလိမ့်မယ်လို့တော့သူမ မထင်ပေ။ ဒါကြောင့်သူမကရိုးရှင်းစွာပဲ ဂျုံမှုန့်အနည်းကို ထုတ်လိုက်၏။

ဂျုံမှုန့်ထဲကိုရေထည့်ပြီးနယ်နေရင်းမှာပဲ တံခါးအပြင်ကနေ နောက်အသံတစ်ခုထွက်လာပြန်သည်။ နောက်တစ်ယောက်ပြန်လာတာဖြစ်၏။

" အစ်ကိုကြီး! အိမ်ထဲမှာလား "

တတိယသား လီစန်းက ငါးနှစ်ကောင်ကိုလက်ထဲဆွဲထားရင်း အထဲကိုဝင်လာသည်။

လီမော့က ခြံထဲမှာ **** ကိုသင်ပေးနေခဲ့သည်။ အနာဂတ်မှာ သူ့ကိုဖျက်လိုဖျက်စီးမလုပ်မိအောင်ဖြစ်၏။

* သူ့မိန်းမကိုခြောက်လိုက်လို့ ခွေးကိုဆုံးမနေတာနေမယ် TvT **** ကသူ့ထဲမှာကိုပါတာ။ smth rude word ထင်ပါတယ်

သူ့ညီငယ်ပြန်လာတာကိုသာမတွေ့ဘူးဆိုရင် သူ့မျက်နှာအရောင်ကကြည့်ရဆိုးနေအုံးမှာဖြစ်၏။

ပုံမှန်ဆို နေ့တိုင်းအမဲလိုက်ထွက်နေရပေမဲ့ ဒီနေ့တော့ သူ့စိတ်ထဲမှာ ဘယ်လိုဖြစ်နေမှန်းမသိပေ။ ထို့ကြောင့်သူအစောကြီးပြန်လာလိုက်တာဖြစ်၏။

" မင်းဘာလို့အခုမှပြန်လာတာလဲ? "
သူကသတိဝင်လာပြီး သူ့ညီငယ်ကိုမေးလိုက်သည်။

" ဘိုးဘွားခန်းမမှာမဟုတ်ဘဲ ရွာထဲမှာ ဒီနေ့ငါးမျှားတာမဟုတ်ဘူးလား "

သူ့စကားဆုံးသွားတာနဲ့ ခြံဝင်းထဲကို ဒုတိယညီငယ်လီယန်ဝင်လာသည်။ သူက လီမော့ကိုမြင်လိုက်ရတော့ တတိယလောက်အံ့သြမသွားပေ။

" အစ်ကိုကြီး အိမ်ပြန်ရောက်နေတာလား " လို့ ပေါ့ပေါ့ပါးပါးသာနှုတ်ဆက်လိုက်၏။

သူအိမ်မှာရှိနေတာအဲ့လောက်ထူးဆန်းလို့လား? .

လီမော့သည် ဒုတိယညီငယ်ရဲ့မျက်လုံးထဲက ရယ်သွေးသမ်းသည့် အကြည့်များကို မြင်လိုက်ရတော့ " ဘာလို့အိမ်ပြန်လာတာလဲ " လို့ပြန်မေးလိုက်သည်။

ကံကောင်းသော ဇနီးသည်Where stories live. Discover now