အပိုင်း (၃)

859 42 18
                                    

"ကိုယ့်ကို တခုခု ပြောဖို့လိုတယ် မထင်ဘူးလား"

လရိပ်တို့ အိမ်ထောင့်က ပိတောက်ပင်အုပ်အုပ်အောက်မှာ ကားရပ်လိုက်ပြီး သူက အရင်ဆင်းလိုက်သည်။ ပြီးတော့ ကားရှေ့ကနေပတ်ပြီး လရိပ်ဖက်ခြမ်းကို လျှောက်လာကာ ကားတံခါးကို လာဖွင့်ပေးသည်။ လရိပ် ကားထဲကနေ အလိုက်သင့် ထွက်လိုက်ပြီး သူ့ရှေ့မှာ သေချာရပ်လိုက်တော့ သူက ကားတံခါးကို ငြင်သာစွာ ပြန်ပိတ်လိုက်ပြီး ပြောလာသည်။

ဆိုင်ကနေ ပြန်လာတဲ့ လမ်းတလျှောက်လုံးလည်း တိုးတိုးဖွဖွ ပြန့်လွင့်နေသော ဂီတသံမှတပါး လရိပ်ကို သူက စကားတခွန်းမှ မဆိုလာတာကြောင့် အတန်သင့် အတန်သင့်တိတ်ဆိတ်နေခဲ့သည်။ အခု သူက တခုခုပြောရန် ဆိုလာတာကြောင့် လရိပ် ဦးနှောက်ကို အလုပ်ပေးကြည့်လိုက်သည်။

"ဟို...လရိပ်ကို Sub အဖြစ် လက်ခံပေးလို့ ကျေးဇူးတင်ပါတယ် အကို"

"ဒါ မဟုတ်သေးဘူး။ မင်းမှာ သုံးခါပဲ ပြောခွင့်ရှိမှာမို့ နောက်ထပ်နှစ်ခါပဲ ပြင်ဆင်ခွင့်ရှိမယ်နော်"

"လရိပ် အကို့ရဲ့ အမိန့်တွေအောက်မှာ အကိုစိတ်တိုင်းကျတဲ့ Sub ဖြစ်အောင် ကြိုးစားပါ့မယ်"

"ကိုယ်က မင်းရဲ့ကတိတွေကို မလိုအပ်ဘူး Lunara။ မင်း ကတိတွေမပေးလည်း မင်း ကိုယ့်ကို နာခံအောင် ကိုယ်လုပ်နိုင်တာမို့။ ကဲ Last chance နော်"

လရိပ် သတိထားမိတာ တစ်ခုက သူက စိတ်မရှည်တတ်သူ မဟုတ်။ စကားပြောလျှင်လည်း သူ့သဘောထားကို လရိပ်နားလည်အောင် စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည်။ လရိပ်ဖက်က အဖြေကိုလည်း သေချာနားထောင်တတ်ပြီး လရိပ်ရဲ့ အခေါ်အဝေါ် အပြုအမူကအစ သေချာ အလေးအနက်ထားပြီး လက်ခံတတ်သည်ဟု ခံစားမိသည်။

"လရိပ်မှာ အပြစ်ရှိပါတယ်အကို"

"အပြစ်? ဟုတ်လား။ မင်းအပြစ်တစ်ခုခု လုပ်ထားတယ်လို့ ထင်လို့လား"

နည်းနည်းလေး မာဆတ်သွားသော သူ့အသံကြောင့် လရိပ် နည်းနည်း လန့်သွားမိသည်။

"ဟို....."

"ပြီးပြီးရော အပြစ်ဝန်ခံလိုက်တာလား Lunara.. မင်း Dorm_Sub Relationship ကို ဘယ်လိုတွေ တွေးနေတာလဲ။ ဒါမှမဟုတ် ငါ့ကို အထင်သေးနေတာလား။ အပြစ်ဝန်ခံလိုက်ရင် ငါကအပြစ်ပေးလိုက်ရရင် ကျေနပ်သွားမယ် ဒီလိုထင်‌နေတာလား"

LunaraWhere stories live. Discover now