အပိုင်း (၂)

2.1K 70 16
                                    

ညတုန်းက ပုံမှန်ထက်စောအိပ်တာမို့ လရိပ် နည်းနည်း စောစောနိုးနေသည်နှင့် ချက်ချင်း အိပ်ရာမထသေးဘဲ လရိပ်စိတ်ထဲ သူနဲ့ လရိပ် ရှေ့ဆက်ရမယ့်အကြောင်း အတွေးများဝင်လာသည်။ လရိပ်က သူနဲ့ online မှာ အတိုင်းအတာတစ်ခုအထိ ဆက်ဆံရေးရှိခဲ့ပေမယ့် တစ်ကယ့်လက်တွေ့ဘဝမှာ လရိပ်တို့ ဆက်ဆံရေးတည်ဆောက်ဖို့ဆိုတာ အနည်းနဲ့အများတော့ စိန်ခေါ်မှုရှိသည်။ လရိပ်အတွက် ပေါ့။ တခါမှ အပြင်မှာ Dorm-Sub နဲ့ပတ်သက်ပြီး လက်တွေ့ မတည်ဆောက်ဖူးတာလည်း ပါသည်။

သူပြောသလိုပဲ လရိပ်ရဲ့ ဘဝကို သူ့ဆီအပ်နှံဖို့ တစ်နည်းအားဖြင့် သူ့ကို လရိပ်ရဲ့ Dorminant နေရာပေးဖို့ လရိပ် အဆင်သင့်ဖြစ်ပြီလား။ လရိပ်ကိုယ့်ဘာသာ မသေချာပါ။

မနေ့က အခြေအနေအရတော့ သူက လရိပ်ကို နာခံစေနိုင်တာတော့ အမှန်ပင်။ ပြီးတော့ သူ့မျက်လုံးတွေ။ ခပ်နက်နက် ခပ်ကြည်ကြည်နဲ့ အေးခဲမနေတဲ့ မျက်ဝန်းတွေကို လရိပ်သဘောကျသည်။ ခပ်ဖျော့ဖျော့ ထွက်လာတတ်သော အမိန့်ဆန်သည့်စကားတို့မှာလည်း လရိပ်ပျော်ဝင်လုလုပင်။

လရိပ်တို့ဆေးရုံကခပ်သေးသေးပဲမို့ အလုပ်သိပ်မများလှ။ ညနေ သူလာကြိုမယ် ဆိုတဲ့ စကားကိုသတိရတော့ လရိပ်ရင်ထဲ တမျိုးခံစားရသည်။ ‌စိတ်လှုပ်ရှားသလိုရှိပေမယ့် အများကြီး ပျော်နေတာတော့လည်း မဟုတ်။ သူနဲ့ ရှေ့ဆက်ရမယ့်အခြေနေတွေဟာ လရိပ်အတွက် နေသားတကျဖြစ်နေသလိုပင် ခံစားရသည်။

'အလုပ်မှာ ကောင်းကောင်းရှိနေမယ် လို့ ယုံတယ် Lunara'

နေ့လယ်စာထမင်းစားပြီး ထမင်းချိုင့်ကို သိမ်းနေတုန်း အိတ်ထဲကဖုန်းက တုန်ခါသွားတာကြောင့် ထုတ်ကြည့်လိုက်တော့ သူ့ဆီက မက်ဆေ့ခ်ျဖြစ်နေသည်။ စာတိုလေး ဆိုပေမယ့် ခုနက ထမင်းစားရ အဆင်မပြေလို့ အမြန်လက်စသတ်လိုက်တာကြောင့် မပြည့်တပြည့်ဗိုက်ထဲ အချိုလေးတစ်ခုခု စားလိုက်ရသလို တင်းတိမ်သွားသည်ထင်သည်။ ထမင်းချိုင့်ဆွဲကပေးသော အရသာမရှိသည့် ဝေဒနာတွေကိုတောင် ဒီလူက လျော့ပါးစေသည်လား။

.....................

လရိပ် ဆေးရုံဝန်းထဲက ထွက်လိုက်တော့ လမ်းတစ်ဖက်မှာ ရပ်ထားသော ကားကို တွေ့ရသည်။ လရိပ်ဓာတ်လှေကားစောင့်နေစဉ်ကတည်းက ဖုန်းထဲကို မက်ဆေ့ခ်ျဝင်လာပြီးသား ဖြစ်သည်ကြောင့် သူရောက်နေပြီဖြစ်‌ေကြာင်း‌ေကာ ဒီကားအဖြူက သူ့ကားမှန်းကော လရိပ်သိပြီးဖြစ်သည်။ လမ်းကူးပြီး ကားအနောက်ကပတ်ကာ Lover seat ဖက်က တံခါးကို ဆွဲဖွင့်လိုက်တော့

LunaraWhere stories live. Discover now