အနားကိုကပ်လာတာနဲ့ မြက်မွှေးနံ့သင်းသင်းလေးကို ရနေမှာဖြစ်သည်။

လီမန်မှာအလွန်ကျေနပ်သွားရသည်။ သူမကသန့်ရှင်းမှုကိုနှစ်သက်တာဖြစ်၏။ အဝတ်တွေလျှော်ပြီးတဲ့နောက် သူမလက်တွေတောင် နီရဲလာသည်။ သူမကအိမ်ထဲကိုပြန်ဝင်သွားပြီး အိပ်ရာပေါ်ကစောင်ကိုယူလိုက်ကာ အခင်းတွေအကုန်လုံးကို အင်တုံထဲသို့ထည့်လိုက်၏။

ဒီနေ့ နေကအလွန်သာနေတာကြောင့် စောင်တွေအကုန်လုံးကို နံရံပေါ်ထုတ်လှန်းလိုက်မှာဖြစ်သည်။

ဒါပေမဲ့ သူမတစ်ယော​က်တည်းဟာတွေကိုပဲ လျှော်ဖွတ်လိုက်တာသိပ်အဆင်မပြေပေ။ ထို့ကြောင့် သူက အရှေ့ဘက်အိမ်ကိုထပ်သွားလိုက်ပြီး အိပ်ရာတွေအကုန်လုံးကိုဖယ်လိုက်ကာ စောင်တွေအကုန်နေထုတ်လှန်းဖို့ယူလိုက်၏။ အခင်းတွေကိုတော့အကုန်လျှော်မှာဖြစ်သည်။

လျှော်ပြီးသားအဝတ်တွေလှမ်းဖို့ ဝါးလုံးတန်းကမလောက်တာကြောင့် မီးဖိုကြောင်ထဲက ကြိုးတစ်ချောင်းကိုသွားရှာခဲ့ရသည်။ သူမကကြိုးကို ခြံဝင်းတိုင်မှာချည်လိုက်ပြီး အခြောက်ခံရမယ့်စောင်နဲ့ အခင်းတွေအကုန်ကို လှန်းတင်လိုက်၏။

အလုပ်တွေအကုန်လုံးပြီးတဲ့နောက် နေ့လယ်ခင်းတောင်ရောက်နေပြီဖြစ်၏။ လီမန့်မှာ လီရှောင်းဝူကိုမေးဖို့အတွက် အမူအရာတွေအများကြီးလုပ်ပြရသေး၏။

နေ့လယ်ပိုင်းအိမ်မှာ သူမတို့နှစ်ယောက်ပဲရှိမှာဖြစ်ပြီး ကျန်တဲ့လူတွေက နေ့လယ်စာစားဖို့အတွက် ပြန်မလာသေးပါဘူး။

နှစ်ယောက်စာတည်းစားဖို့ ဘာပဲဖြစ်ဖြစ်လုပ်ရတာကလွယ်သည်။

မီးဖိုချောင်ရဲ့ထောင့်မှာရှိတဲ့ တန်းလျားပေါ်မှာ ပြောင်းမှုန့်တစ်ထုတ်နဲ့ ဂျုံမှုန့်အထုတ်သေးတစ်ဝက်အပြင် ဆန်ဖြူအိတ်တစ်ဝက်ကိုတင်ထားသည်။ ကန်စွန်းဥတချို့ကိုလည်း မြေကြီးပေါ်မှာပုံထား၏။ အဲ့တာကလွဲပြီး ဘာမှစားစရာမရှိတော့ပေ။

လီမန်က အနည်းငယ်တွေးတောပြီးတဲ့အခါ ပိုလွယ်တဲ့တစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်တော့သည်။ သူမက အိမ်နောက်ဖက်က ဟင်းသီးဟင်းရွက်ခြံလေးဆီသွားပြီး သခွားသီးနှစ်လုံးကိုခူးလာသည်။ သခွားသီးတွေကိုရေဆေးလိုက်ပြီးနောက် ​ခေါက်ဆွဲလုပ်ဖို့ပြင်လိုက်၏။

ကံကောင်းသော ဇနီးသည်Hikayelerin yaşadığı yer. Şimdi keşfedin