Chapter 33

546 70 0
                                    

ချွမ်ကျိုးသည်ဖုံးကွယ်ထားသောလှိုင်းလုံးကြီးတွေပြည့်နေပေမဲ့ နန်းမြို့တော်ကတော့အသွားအလာများဖြင့် ပျားပန်းခတ်နေသည်။ လေး-ငါးရက်သည် လျှက်တစ်ပြက်အတွင်းကုန်ဆုံးသွားခဲ့ပုံရသည်။ 

စူးမီစာရင်းစာအုပ်တွေလှန်လှောနေသည်။ သူမနန်းမြို့တော်ရောက်ခါစအချိန်သည် သူမမှာရှိခဲ့တဲ့တခုတည်းသောအားလပ်ချိန်ဖြစ်သည်။ သူမရဲ့ခန်းဝင်ပစ္စည်းတွေရဲ့တစိတ်တပိုင်းဖြစ်သည့် မြေစာချုပ်တွေနဲ့ဆိုင်တွေကို တခြားသူတွေကစီမံခန့်ခွဲပေးတယ်ဆိုပေမဲ့ စာရင်းတွေကိုတော့သူမဘာသာစစ်ဆေးကြည့်ဖို့လိုသေးသည်။ 

ဒီမနက်တွင် သူမချွမ်းမိန်ကိုတချို့ကိစ္စလေးတွေကိုင်တွယ်ဖို့ အပြင်လွှတ်လိုက်ရာ ခြံဝန်းသည်လူတွေရဲ့ခါတိုင်းစကားပြောဆိုသံတွေမရှိတော့ ပိုဆိတ်ငြိမ်သွားခဲ့သည်။ 

" သခင်မလေး...သခင်မလေး"

စူးမီမော့ကြည့်ပြီးပြုံးလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် သူမအခုပဲချွမ်းမိန်အကြောင်းတွေးတယ် သူမကအမောတကောဖြင့်ပြေးလျက်ရောက်လာသည်။ 

" ချွမ်းမိန် ဘာဖြစ်ခဲ့လို့လဲ?"

ချွမ်းမိန် ရင်ဘတ်ကိုဖိ၍အသက်ရှိုက်လိုက်ပြီး...." သခင်မလေး ယုံအန်းလမ်းအဆုံးဆိုင်က လူကမရောင်းတော့ဘူး‌တဲ့!"

သတင်းကြောင့် စူးမီမျက်ခုံးတွေချက်ချင်း တွန့်ချိုးသွားသည်။ 

" ဘာကြောင့်လဲ?"

" သူကဒီတိုင်းပဲမရောင်းချင်တော့တာတဲ့ ကျွန်မတို့ညှိနှိုင်းခဲ့တဲ့ဈေးကတအားနိမ့်ပြီး သူ့ကိုတစ်ယောက်ယောက်ကပိုမြင့်တဲ့ဈေးကမ်းလှမ်းခဲ့တယ်လို့ပြောပါတယ် ဘယ်လိုလုပ်ကြမလဲသခင်မလေး"

စူးမီလည်းအနည်းငယ်အံ့အားသင့်သွားသည်။ ချွမ်းမိန်သည်အစိုးရရုံးကနေဆိုင်အချက်အလက်တွေယူလာတာဖြစ်ပြီး ထိုဆိုင်ကိုစူးမီရွေးချယ်ခဲ့သည်။ နန်းမြို့တော်တွင်ရက်အနည်းငယ်ကြာနေပြီးနောက် အစဦးကစိမ်းသက်တဲ့ခံစားချက်တွေ တဖြေးဖြေးနဲ့ပျောက်ကွယ်သွားသည်။ သူမတွင်မင်္ဂလာခန်းဝင်ပစ္စည်းမှပစ္စည်းဥစ္စာများ အလုံအလောက်ရှိပေမဲ့ လက်ထဲတွင်ငွေပိုငွေလျှံလေးရှိနေသေးသဖြင့် အသုံးချဖို့ရှာချင်ခဲ့သည်။ 

ကျွန်မယောက်ျားကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Where stories live. Discover now