Chapter 25

1K 120 3
                                    

ကျန်းလင်းမြို့နဲ့နန်းမြို့တော်ကို ရွှီကျိုးဖြင့်ပိုင်းခြားထားပေမဲ့ မြင်းဆွဲတဲ့ရထားလုံးသည်လျင်မြန်စွာခရီးတွင်ပြီး လမ်းတွေကွေ့ပတ်မသွားပဲ လမ်းတွင်နှစ်ကြိမ်သာအနားယူခဲ့တာကြောင့် မိန်းမပျိုတွေကိုသယ်ဆောင်လာတဲ့မြည်းလှည်းတွေ ကျန်းလင်းမြို့နယ်နိမိတ်ထဲမဝင်ခင်မှာပင် စူးမီသည်မြို့ထဲရောက်နေပြီဖြစ်သည်။ 

ညနေခင်းစူးမိသားစုအိမ်တော်ဂိတ်တံခါးဝတွင် သခင်မယွီနဲ့ချွမ်းမိန်တို့သည် မနက်စောစောထဲကသတင်းစကားရထားခဲ့သဖြင့် စိတ်အားထက်သန်စွာဂိတ်တံခါးဝမှာရပ်စောင့်နေကြသည်။ 

ဖုန့်ပေါင် ရထားလုံးပေါ်ကအရင်ဆင်းကာ စူးမီအတွက်ခွေးခြေပုလေးချပေးလိုက်သည်။ သူမော့ကြည့်လိုက်ချိန်တွင် စောင့်ဆိုင်းနေတဲ့ယွီချင်နျန်ကိုမြင်လိုက်ပြီး သူ့ရင်ထဲမှာသူမမည်သူမည်ဝါဖြစ်မှန်း ခန့်မှန်းလိုက်သည်။ 

  

" ဒါကသခင်မစူးပဲဖြစ်ရမယ်  ကျွန်တော်ကအရှေ့ပိုင်းဌာနအကြီးအကဲဘေးကမိန်းမစိုး ဖုန့်ပေါင်ပါ အကြီးအကဲကကျွန်တော့်ကိုကျန်းလင်းကိုအရင်သွားနှင့်ဖို့ မှာကြားလိုက်တာပါ ကျွန်တော်ရက်အနည်းငယ်အတွင်းအောင်သွယ်တော်လွှတ်လိုက်ပါ့မယ် ကျွန်တော်တို့ရဲ့အကြီးအကဲကစာလွှာသုံးစောင်နဲ့လက်ဆောင်ခြောက်မျိုးအပါအဝင် အားလုံးကိုကြိုတင်ပြင်ဆင်ပြီးပါပြီ စူးမိန်းကလေးကိုမမျှမတဆက်ဆံမှာမဟုတ်ဘူးလို့ ပြောလိုက်လို့ ကျေးဇူးပြုပြီးစိတ်အေးလက်အေးထားပါခင်ဗျာ"

ဖုန့်ပေါင်သည် သူ့အရှေ့ကယွီချင်နျန်ကို ဒီစကားတွေအားလုံးပြောပြလိုက်ပေမဲ့ သူ့အနောက်ကဖြေးညှင်းစွာ ရထားလုံးပေါ်ကဆင်းလာခါစစူးမီသည်လည်း အဆုံးသတ်နားလောက်ကိုကြားလိုက်ရပြီး ရင်ထဲမှာချိုမြိန်သွားသည်။ 

ဒါပေမဲ့ ဖုန့်ပေါင်ရဲ့မျက်နှာချင်းမှာရပ်နေတဲ့ ယွီချင်နျန်သည် မျက်နှာပေါ်မှာမကြည်ရွှင်တဲ့အမူအရာရှိပြီး ခေါင်းညိတ်ကာ ဝတ်ကျေတန်းကျေဖြင့်..." ကုန်းကုန်းကိုဒုက္ခများစေမိပြီ" လို့ပဲပြောကာ ထပ်မပြော‌တော့ပေ။ 

ကျွန်မယောက်ျားကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Where stories live. Discover now