135:မင်းအဖေရောက်နေတယ်

Start from the beginning
                                    

"အိုး တော်ပါတော့!" ချင်ယွီ သည် မီးနီကိုမြင်သောအခါ ရုတ်တရက် ကားကိုရပ်လိုက်ပြီး

"မင်း ငါတို့ရဲ့ဆက်ဆံရေးကို တစ်သက်လုံးဖုံးကွယ်ထားဖို့ စီစဉ်နေတာလား?"

ဟဲကျင့်: "..."

ချင်ယွီနားကိုမလည်နိုင်တော့ပါ ဘယ်လိုဖြစ်လို့ သူတို့ရဲ့ဆက်ဆံရေးက ဟဲကျင့်ရဲ့ မျက်လုံးထဲမှာ ရာဇဝတ်မူကျူးလွန်နေသလိုမြင်နေရတာလဲ?202x ပဲ‌ရောက်နေပြီကိုလေ တကယ်လို့ ကိုယ့်ဝန်ထမ်းရဲ့ လိင်စိတ်တိမ်းညွှတ်မူကို ဝေဖန်နေတဲ့ ကုမ္ပဏီသာဆိုလို့ကတော့ ဆက်လုပ်နေဖို့ကိုမတန်တော့ဘူး

ချင်ယွီကအရမ်းစိတ်ဆိုးနေကာပြောလာတော့သည်။

"အခုမြန်မြန်ငါ့ဘေးမှာလာထိုင် အခုမင်းကအနောက်မှာ ငါကအရှေ့မှာ စကားပြောဖို့ခက်တယ်"

ဟဲကျင့်:"ဒါပေမယ့် မီးနီနေတယ်လေ..."

ချင်ယွီ: "မြန်မြန်လုပ်!ဆယ်စက္ကန့်လိုသေးတယ် မင်းအနားမှာ သူဌေး ရောလုပ်ဖော်ကိုင်ဖက်ရောမရှိနေဘူး

ဟဲကျင့် သည် ကားပေါ်မှ ဆင်းရန် မှတပါး ရွေးချယ်စရာ မရှိတော့ဘဲ ရှေ့ခုံသို့ အမြန် ရောက်သွားတော့သည် ။ကြီးမားသည့် ပန်းစည်းဖြစ်သည့်အလျောက်ဟဲကျင့်လက်ထဲတွင်ပိုက်ထားခဲ့ရသည်။

"မင်းကြိုက်လား?"

ချင်ယွီက ဒေါသထွက်မနေတော့ပဲခေါင်းလှည့်ကာမေးလိုက်သည်။သူ့လေသံကသိပ်ပြီးကျေနပ်နေပုံမပေါက်သော်လည်း သူ့မျက်လုံးထဲကစစ်မှန်မူကိုတော့ဖုံးမကွယ်နိုင်ခဲ့ချေ။

"အင်း ကျေးဇူးပဲ ဒါပေမယ့် မင်းဒီလိုလုပ်စရာမလိုပါဘူး ငါက မိန်းကလေးမဟုတ်ဘူး"

တစ်စက္ကန့်မျှပျော်ရွှင်ပြီးနောက်တွင်တော့ ဟဲကျင့်ရဲ့တုံ့ပြန်ပုံကြောင့် ချင်ယွီစိတ်တိုလာရပြန်လေသည်။ဘယ်လိုဖြစ်လို့ဒီလောက်တောင် ရိုမန်တစ်မဆန်ရတာလဲ? သူပန်းပေးတယ်ဆိုတာက ဟဲကျင့်ကို ပျော်စေချင်လို့လေ လိင်အမျိုးအစားနဲ့ ဘာမှကိုမဆိုင်နေဘူး

ထိုအချိန်တွင် သူ့လက်ပတ်က မြည်လာပြီး နှစ်ယောက်စလုံး ဤအကြောင်းအရာကို ဆွေးနွေနွေးခြင်းမှာ ရပ်တန့်သွားကြသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now