" ဘာမှမဖြစ်ဘူး၊ စကားလုံးတွေမသိလည်း ဘာမှမဖြစ်ဘူး နောက်မှမင်းကိုသင်ပေးမယ် "

လီရှောင်းဝူကနားမလည်ပြန်ပေ။ ဒါပေမဲ့လည်း မမလှလှရယ်မောနေတာကိုမြင်တော့ သူအောင်မြင်သွားတယ်ဆိုတာ သိလိုက်၏။ ဒါပေမဲ့လည်း သူမသူ့ကိုကြိုက်လာအောင်လုပ်တာက ပိုကောင်းသည်။

ဒုတိယအကိုကပြောထား၏။ တကယ်လို့သူသာ သူမကိုဒီမှာနေစေချင်တယ်ဆိုရင် သူမကြိုက်နှစ်သက်လာအောင်လုပ်ရမည်ဖြစ်သည်။

" အစ်မ၊ စားဖို့! "
သူက လီမန့်ရဲ့လက်တွေကိုဆွဲကာ အရှေ့ဘက်ခြမ်းဝင်းသို့ခေါ်သွားသည်။

လီမန်က သူဘာလုပ်မယ်ဆိုတာမသိတာပေ။ ဒါကြောင့် သူ့နောက်ကိုသာ လိုက်နေရပြီး ကောင်လေးကသူ့ကို မီးဖိုချောင်ဆီဆွဲခေါ်သွားတာဖြစ်၏။
ထို့နောက် ကောင်လေးက ငုတ်တုတ်ထိုင်ချလိုက်ပြီး ယာဂုပန်းကန်လုံးနှင့် ကန်စွန်းဥနှစ်လုံးကို အိုးထဲကထုတ်ယူလိုက်သည်။

" အစ်မကို ပေးမယ် "

သူ့ပုံစံက သူ့ပိုင်ရတနာအားလုံးကို လီမန့်ကိုပေးနေသလိုနှင့်တူသည်။

ယာဂုကနွေးနေသေးပြီး ကန်စွန်းဥကတော့ ​အေးနေပြီဖြစ်၏။ ကြည့်ရတာစောနကမှပြုတ်ထားပုံရ၏။

" ကျေးဇူးပါ " လီမန်က ထုံးစံအတိုင်း ကျေးဇူးတင်လိုက်ရင်း လီရှောင်းဝူကတော့ သူ့ဘေးကနေသူမစားတာကိုကြည့်နေသည်။

သူသိလိုက်ရတာက သူ့အစ်မက လှရုံတင်မဟုတ်ဘဲ စကားပြောလည်းကောင်းကာ အစားစားတဲ့အခါမှာတောင် လှနေတာဖြစ်၏။

လီမန်က ကောင်လေးက သူ့ကိုကြည့်နေတာကြောင့် ကန်စွန်းဥတစ်လုံးကိုသူ့ကိုကမ်းလိုက်လျှင် ကောင်ငယ်လေးက သူ့လက်တွေကိုဝှေ့ယမ်းလိုက်လေသည်။

" ကျွန်တော်က စားပြီးပြီ! "

သူအရမ်းပိန်နေတာကိုမြင်တဲ့အခါ လီမန့်နှလုံးသားက သနားမိနေကာ ကန်စွန်းဥကိုသူ့လက်ထဲထည့်ပေးလိုက်ပြီး တစ်ခုကိုသာစားလိုက်သည်။

မနက်စာစားပြီးတဲ့နောက်တော့ အိုးခွက်ပန်းကန်တွေကိုဆေးကြောလိုက်သည်။

ကံကောင်းသော ဇနီးသည်Where stories live. Discover now