"ဟင်"
ထိုးမိန်းမကြီးရဲ့ မာထန်နေသည့်စကားကြောင့် ခေတ်သွေးမှာမျက်လေးလေးပြူလျက်။
"မင်းက ငါ့သားကောင်လေးလား"
"ဗျ..ဗျာ"
"မင်းငါ့သားဆီကဘာလိုချင်လို့လဲ ငါ့ကိုပြောအကုန်လုပ်ပေးမယ် ပြီးရင်ငါ့သားနဲ့မပက်သက်နဲ့"
"အန်တီစကားတွေလွန်မလာနဲ့အန်တီ"
ထမင်းစားခန်းထဲမှ ဒေါသဖြင့်ထက်လာသည့်သျှားထက်။လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုတ်ကာ မျက်ခုံးနှစ်ဖက်ကိုထိလို့နေအောင်ကွေးထားသည်။ခေတ်သွေးကတော့ကြောင်တောင်တောင်လေးဖြင့်ရပ်ကြည့်နေမိသည်။
"ဟက် ! မင်းကရော ငါ့သားဆီကဘာတွေလိုချင်လို့ကပ်နေတာလည်း.."
"ဒီမှာအန်တီ...လူကြီးကလူကြီးစကားပြော အန်တီသားကိုကပ်ရအောင် အန်တီသားကဘာတွေများကောင်းနေလို့လဲ"
"သျှားထက်စိတ်လျော့"
ဒေါသတွေပိုပိုကြီးလာသည့် သျှားထက်ကို ခေတ်သွေးလက်မောင်းကနေဆွဲထားရသည်။
"ဒီဘဏ်ကဒ်ထဲမှာ ပိုက်ဆံ သိန်းခုနှစ်ထောင်ရှိတယ်။ယူထားလိုက် ။ငါ့သားနဲ့တွဲတာနစ်နာတင်မှာဆိုးလို့"
သမုရဲ့မေမေက မတက်ထရပ်ကာ သူ့အိပ်ထဲမှ ဘဏ်ဒ်တစ်ကဒ်ထုပိကာ စာပွဲပေါ်ပစ်တင်လျက်ပြောလိုက်သည်။ဒီလိုအပြုအမူတွေက ချမ်းသာတဲ့လူတိုင်းဆီမရှိတာလား။ခေတ်သွေးမစဉ်းစားတက်။အချစ်ကိုပိုက်ဆံနဲ့ဝယ်ယူကြတာလား။
"အန်တီပြန်ယူထားလိုက်ပါ ကျွန်တော်က အန်တီသားကိုပိုက်ဆံမက်လို့ချစ်တာမဟုတ်ဘူး။
သမုအတ္တညိုဖြစ်နေတာလည်းမဟုတ်ဘူး။
သူဖြစ်နေလို့ကိုချစ်တာ။
သူမှာပိုက်ဆံတွေကားတွေအိမ်တွေမရှိရင်တောင်ကျွန်တော်သူ့ကိုချစ်နေအုံးမှာမို့ ဒီဟာကိုပြန်ယူလိုက်ပါ။
ကျွန်တော်လဲ အန်တီသားနဲ့ မပက်သက်ဖို့ဆုံးဖြတ်ထားပါ။
အန်တီစိတ်မပူပါနဲ့"ပြောချင်သည့်စကားအားလုံးကို ပြတ်ပြတ်သားသားနှင့်ပင်ပြောလိုက်သည်။
သျှားထက်ကဘေးကနေကြည့်လျက် ခေတ်သွေးရဲ့စိတ်ဓာတ်ကိုလေးစားနေမိသည်။
သမုရဲ့မေမေလည်း ရူးရူးရှာရှားဖြစ်ကာ ခေတ်သွေးကိုပြုံးပြလျက် ထိုဘဏ်ကဒ်ကိုပြန်ယူသွားသည်။
![](https://img.wattpad.com/cover/361696065-288-k395809.jpg)
part -25*_*
Start from the beginning