part -25*_*

1.5K 53 5
                                    

"အကို ကျွန်တော်ပြောစရာရှိတယ်"

သျှားထက်ပြောမည့်စကားများကို ခေတ်သွေးသိနေသည်။ သူနားမထောင်ချင်ပါ။ နားထောင်ဖို့လည်း သူ့မှာခွန်အားမရှိပါချေ။

"အင်း မပြောပါနဲ့ ငါသိပြီးပြီ"
"ငါကယောက်ျားတစ်ယောက်ပဲလေ...
ဘာမှမဖြစ်ပါဘူး"

အပြုံးနှင့်သာပြောနေရတာ။ မျက်ဝန်းနက်နက်ထဲမှ မျက်ရည်ကြည်လေးတွေကဝေ့တက်နေသည်။

"ဘာလို့မလိုရမှာလည်း သူအဲ့လိုလုပ်..."

(ဟန်ဆောင်ပြုံးရသည်ကလွယ်မနေဘူး)

"တော်ပါတော့ကွာ ငါလည်းဘာမှမဖြစ်ဘူး"

မျက်ဝန်းထဲကမဖက်ရည်များကိုမကျမိအောင်ထိန်းကာ ပါးချိုင့်နှစ်ဖက်နစ်ဝင်သွားသည်အထိ ပြုံးထားမ်ိသည်။သျှားထက်ကတော့ နားမလည်နိုင်သည့်အကြည့်ဖြင့်ကြည့်သည်။

"ထားလိုက်ပါ မနက်စာစားရအောင် မင်းလည်းအလုပ်မသွားဘူးမလား"

"အင်းမသွားတော့ဘူး"

သူတို့နှစ်ယောက်အရင်အတိုင်းမနက်စာစားကြသည်။ထမင်းစာပွဲခုံတွင်တိတ်ဆိတ်လျက်။သမုရှိရင် ထိုထမင်းစားဝိုင်းလေးကဆူညံနေအုံးမည်။အခုတော့ခြောက်ကပ်ကပ်နှင့်ပင်။

ဒေါက်~~~ဒေါက်~~~ဒေါက်

"ရတယ် ငါသွားဖွင့်လိုက်မယ်"

သျှားထက်မမယ်အလုပ်ခေတ်သွေးကသူဘဲထလိုက်မယ်လို့ပြောကာ တံခါးသွားဖွင့်ပေးလိုက်သည်။

"ဟင်"

တံခါးဖွင့်ပေးလိုက်တော့ အသက် ငါးဆယ်ကျော်လောက်တော့ရှိမည်။သို့သော်သူမသည် အဝါအောင်ပါတိပ်ကိုသာဝတ်ဆင်ထားလျက်။နှုတ်ခမ်းပေါ်မှာလဲ ခပ်ရဲရဲနှုတ်ခမ်းနီကိုဆိုးထားသေးသည်။

"အထဲဝင်ပါအန်တီ"

ခေတ်သွေးထိုအဒေါ်ကြီးကိုရိုသေစွာပဲအထဲကိုဝင်ဖို့ခေါ်လိုက်သည်။ထို‌အဒေါ်ကြီးကခေါင်းတစ်ချက်ညိပ်ကာအထဲကိုလိုက်ဝင်လာသည်။

"ဘာသောက်မလည်းအန်တီ"

"ရတယ် ဒီကိုသောက်ဖို့လာတာမဟုတ်ဘူး စကားပြောချင်လို့လားတာ"

Friend Lover...(complede)Kde žijí příběhy. Začni objevovat