part -20*_*

1.3K 34 1
                                    

ဒီနေ့နဲ့ဆို french မှာနေတာ နှစ်ဆယ့်သုံးရက်ရှိပြီးဖြစ်သည်။အခုဆိုသူတို့လဲပြန်တော့မှာဖြစ်သည်။လေယာဉ်လက်မှတ်လဲဝယ်ပြီးပြီ ဒီနေ့ပြန်တော့မှာဖြစ်သည်။ သျှားထက်ကတော့ အရင်ကအလုပ်တွေလုပ်စရာမလိုတော့ပေ။  သမု အသစ်တည်ထောင်ထားသည့် company တစ်ခုမှာပဲ အတွင်းရေးမှုပဲလုပ်ရတော့မည်။ company က french မှာတော့မဟုတ် မြန်မာနိုင်ငံမှာဖြစ်သည်။

"Boss တို့အရင်သွားနှင့်ပါ"

"အင်း HAVI အလုပ်တွေကိုအပြီပြတ်အောင်ရှင်းခဲ့ ပြီးရင် ဒီအိမ်ကို သေချာစောင့်ရှောက်ဖို့ပြောလိုက်"

"ဟုတ်ကဲ့ boss "

အိမှာသာမင်းတွေငါတွေသုံးပေမဲ့ အလုပ်သမားတွေရှေ့ရောက်ရင်တော့ အလုပ်ရှင်နဲ့အလုပ်သမားလိုသာ ပြောကြသည်။

သူတို့လဲထွက်သွားသည်။ခေတ်သွေးကတော့ လေယာဉ်ပေါ်တက်သွားသည်အထိ လက်ပြနှုတ်ဆက်ကာပြောနေသည့်ဟန်လေးဖြင့်ပြုံးပြသည်။

မြန်မာပြည်ကိုပြန်ရောက်သည်နှင့် ခေတ်သွေးမျက်နှာလေးကလန်းလန်းဆန်းဆန်းရှိသည်။

"ပြောနေတာလား"

"ငါ့ရုပ်ကမဲ့နေတာမြင်လို့လား"

"ခံပြောနေတာလား ဒီလေယာဉ်ကွင်းမှာတင်ခါးကျိုးချင်တာလား"

"မင်း..."

"ရှူးးးအိမ်ပြန်ကြမယ်"

ခေတ်သွေးနှုတ်ခမ်းလေးကို လက်ညှိုးလေးနှင့်အသာဖိကာ ခေတ်သွေးကို တင်ပါးကနေမပြီးသူ့ပုခုံးနဲ့တန်းကာချီသွားသည်။

"အား....ငါ့ကိုအခုအောက်ချပေး"

"အင်း ခနနေရင် ကောင်းစစ်လာကြိုမယ်"

ခေတ်သွေးကိုအောက်ချပေးလိုက်ကာ စူပုတ်ပုတ်ဖြစ်နေသည့်ခေတ်သွေးကိုမစီမဆိုင်ပြောလိုက်သည်။

"ငါမေးလား..."

"အချစ်က အရမ်းဆိုးနေတယ်ကွာ အပြစ်ပေးခံချင်နေတာလား"

"ဟုတ်ကဲ့ပါ ကျွန်တော်မှားတာပါ ခွင့်လွှတ်ပါ"

မဲ့ခါရွဲခါဖြင့်ပြောနေသည့် ခေတ်သွေးက ကလေးအတိုင်းချစ်စရာသိပ်ကောင်းလွန်းသည်။ခေတ်သွေးရဲ့ပြောပုံဆိုပုံလေးကိုကြည့်ကာ သမုအသဲယားပြီး‌ ခေတ်သွေးရဲ့ပါးကိုနစ်ဝင်သွားသည်အထိဖိနမ်းလိုက်သည်။

Friend Lover...(complede)Where stories live. Discover now