" အစ်မ! ကျွန်တော် ညစာလာပို့တာ "

လီမန်က ကလေးသံလေးကြောင့်တောင့်မခံနိုင်တော့ဘဲ တံခါးကိုဖွင့်ကာ ဂရုတစိုက်ဖြင့် သူ့ခေါင်းတစ်ဝက်ကိုထုတ်လိုက်သည်။ ချောမောကာ ပိန်လှီသည့်ကောင်လေးက တံခါးဝမှာ တစ်စုံတစ်ခုကိုကိုင်ထားပြီးရပ်နေတာကိုမြင်လိုက်တော့ သူမတံခါးဖွင့်လိုက်ကာ ပြုံးလိုက်ပြီးနော​က် သူမလက်တွေကိုအချင်းချင်း ဆုပ်နယ်နေမိလိုက်သည်။

ပန်းကန်လုံးက သူမလက်ထဲရောက်လာပြီး

" အစ်မအတွက် ရော့! "

ဒါကစားဖို့လား? လီမန်ကသူ့လက်ထဲကပန်းကန်ကိုကြည််လိုက်ပြီးနောက်ပြောလိုက်သည်။

" ကျေးဇူးပါ "

ကောင်လေးက ရှက်သွားပုံရပြီး ချက်ချင်းလှည့်ကာထွက်ပြေးသွားတော့သည်။

လီမန်က နူးညံ့စွာပြုံးလိုက်မိသည်။
ရွာအဝင်ဝမှာ သူမကို ကြိုးတုပ်ထားကြတဲ့ လူတွေကလွဲလို့ ဒီမိသားစုကတော့ သူမကိုအရမ်းဂရုစိုက်ပုံရပြီး ရိုးသားတဲ့ခံစားချက်ကိုပေးသည်။

ပြောင်းဆန်ပြုတ်တစ်ပန်းကန်နဲ့ ပူပူနွေးနွေးငှက်သိုက်နှစ်ခုက ပြောင်းဖူးရဲ့ချိုမြိန်မှုကိုဖြည့်စွမ်းပေးရာ လီမန်ရုတ်တရက်ဗိုက်ဆာလာသလိုပင်ခံစားရသည်။ သူမက အိပ်ရာဆီသို့လှည့်ကာပြန်သွားထိုင်ပြီးနောက် စတင်စားတော့သည်။ (AN/ two hot nests ဆိုတော် ငှက်သိုက်ဖြစ်မယ်ထင်ပေမဲ့ ကိုယ့်အထင်သူတို့ကဆင်းရဲတာဆိုတော့ ငှက်သိုက်တော့သောက်နိုင်မယ်မထင်ပါဘူး ငှက်ဥပဲထင်ပါတယ် ဘာပဲဖြစ်ဖြစ်ရေးထားတဲ့အတိုင်းပဲပြန်လိုက်ပါတယ်)

ပြောင်းဆန်ပြုတ်ဇွန်းကို ပထမဦးဆုံးစားလိုက်ချင်းမှာ အရမ်းမွှေးတယ်လို့ခံစားရပြီး အသက်တစ်ရှိုက်နဲ့တင်သူမအကုန်စားပစ်လိုက်တော့သည်။ ထို့နောက်တော့သူမအစာအိမ်က အလွန်ကို သက်သောင့်သက်သာရှိနေခဲ့၏။

ဒီပန်းကန်ကိုအလွတ်ကို မီးဖိုချောင်ထဲ ဘယ်လိုပြန်ပို့ရမှာလဲ?
သူမအပြင်မထွက်ရဲပေ။

ကံကောင်းထောက်မစွာနဲ့ လီယန်ကသူမရဲ့အကျပ်အတည်းကို ခန့်မှန်းမိပုံရပြီး သူကအချိန်တွက်ပြီးတာနဲ့ သူမစားပြီးလောက်သည့်အချိန်တွင် ရှောင်းဝူကို ပန်းကန်သိမ်းဖို့လွှတ်လိုက်သည်။

ကံကောင်းသော ဇနီးသည်Where stories live. Discover now