လီယန်ကအဲ့တာကိုမြင်တဲ့အခါ မီးဖိုဘေးမှာမီးထည့်နေတဲ့ ညီငယ်၅ ကို အကြည့်တစ်ချက်လှမ်းပေးလိုက်သည်။
သူမတ်တပ်ရပ်လိုက်တဲ့အခါ ညီငယ် ၅ ကလည်းရုတ်တရက်ကြီးမတ်တပ်ရပ်လာသည်။
သူက လီမိုရဲ့လက်မောင်းကိုဖက်တွယ်လိုက်ပြီး တောင်းဆိုလိုက်၏။
" အကိုကြီး အဲ့အမကိုခေါ်ထားရအောင်ပါ ကျွန်တော်သူမကိုသဘောကျတယ်၊ သူမ, သူမက အရမ်းကြည့်ကောင်းတယ်၊ ငါတို့ရွာထဲက ပိုနီထက်ပိုကြည့်ကောင်းတယ် "

လီမိုက ညီငယ်လေးရဲ့ခေါင်းကိုပုတ်လိုက်သည်။ ပြီးတော့ သူ့နှလုံးသားလည်း တုန်လှုပ်နေခဲ့ပြီးဖြစ်သည်။ ဒါပေမဲ့...

" အကိုကြီး၊ နောက်ထပ်တစ်ချက်ရှိသေးတယ် ၊ အကိုကြီးသူ့ကို လွှတ်ပေးလိုက်ပြီထား သူမကိုလွှတ်ပေးပြီးသူမဘာဆက်လုပ်မလဲဆိုတာကော တွေးကြည့်ဖူးရဲ့လား? သူမကိုစျေးကိုရောင်းဖို့ပြန်ခေါ်သွားကြရင်ဘယ်လိုလုပ်မလဲ? အခြေအနေကကောင်းအုံးပါ့မလား? တကယ်လို့ ပြန်သွားပြီးရောင်းမယ်ဆို ဘာဆက်လုပ်မှာလဲ? "
လီကထပ်ပြောသည်။

ဒီမေးခွန်းက လီမိုရဲ့နှလုံးသားကိုတင်းကျပ်သွားစေပြီး ချက်ချင်းပင်ဆုံးဖြတ်ချက်ချလိုက်၏။ " ကောင်းပြီ ၊ စောင့်ကြည့်ကြတာပေါ့။ ဒါပေမဲ့ မင်းတို့ရှေ့မှာပဲပြောလိုက်မယ် သူမသဘောဆန္ဒမပါဘဲ သူမကိုမထိနဲ့ အထူးသဖြင့် တတိယညီငယ် "

" သိပါပြီ! "
လီရှုကျွင်းရဲ့မျက်နှာမှာ ကလေးဆန်တဲ့အပြုံးလေးပေါ်လာသည်။ ဘယ်လိုပဲဖြစ်ဖြစ် အကြီးဆုံးအကိုက မိန်းမကိုထားခဲ့နိုင်ပြီပဲဟာ သူကျန်တဲ့ကိစ္စတွေကိုဂရုစိုက်စရာမလိုတော့ဘူး။

လီယန်လည်း ပေါ့ပါးစွာပြုံးနိုင်ခဲ့ပြီး သူ့မျက်လုံးတွေကတော့ ဖြေးညှင်းစွာဖြင့် အနောက်ဘက်အိမ်ဆီရွှေ့လျားသွားတော့၏။

လီမန့်မှာ အထိတ်တလန့်ဖြင့် တံခါးနောက်ပုန်းအောင်းရင်း သူ့နှလုံးတွေတဒိန်းဒိန်းခုန်သွားသည်။ ထိုလူသူမကိုများတွေ့သွားသေးလား။ သူမကတမင်တကာခိုးနားထောင်ချင်ခဲ့တာမဟုတ်ပေ။ နောက်ပြီးသူမကဘာမှလည်းနားမလည်ဘူးလေ။

" ရှောင်းဝူ, ရေဆူပြီလား? " ​တံခါးနောက်မှာချောင်းကြည့်နေတဲ့ အရုပ်သေးသေးလေးကိုတွေးမိပြီးနောက် လီယန်က အလင်းတန်းတစ်ခုလင်းလက်သွားသည်။

ကံကောင်းသော ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang