အပိုင်း ၄

507 82 12
                                    

"ငယ်ငယ်၊ ရန်ကုန်မယ် ကျောင်းသွားတက်ရမယ်ဆိုရင် သား သွားတက်ချင်သလား။ ဟင်"

ဒေါ်မေကြည်က သားငယ်လေးအခန်းထဲ ရောက်နေတာဖြစ်သည်။ တနေကုန် အခန်းထဲက အခန်းပြင်မထွက်၊ လူတွေကိုလည်းအတွေ့မခံဘဲ တနေ့တခြား ဖြူဖျော့လာသော ကလေးလေးကြောင့် ရတက်မအေး ဖြစ်နေရှာသည်။

ထို့ကြောင့် သူမသမီးများ အကြံပေးလာသည့် "တယော်လည်း နောက်ဆို ရန်ကုန်သွားဖြစ်နေမှာ။ ဒီတော့ အသည်းလေးကို ရန်ကုန်မှာ ကျောင်းထားကြည့်မလား မေမေ။ ပတ်ဝန်းကျင်ပြောင်းတော့ သူလည်း စိတ်သစ်လူသစ်ဖြစ်တာပေါ့" ဆိုတဲ့စကားကြောင့် ကောက်ရိုးမျှင်ကလေး ဆွဲကိုင်ကာ လာမေးကြည့်ခြင်းဖြစ်သည်။

ကိုယ့်ကိစ္စ ကိုယ်မပူ။ ရောက်လေရာအရပ် မောင်ငယ်အတွက်သာ ပူရှာသည့် အမများပင်။

ငယ်ငယ်သည် ချည်စောင်ခေါက်တစ်ထည်ကို ပေါင်ပေါ်လွှားထားပြီး မှောင်မိုက်သည့်အခန်းထဲ တိတ်တဆိတ်ထိုင်နေသည်။ အသက်မဲ့နေသော မျက်လုံးများသည် ပြတင်းပေါက်ရှိရာကိုသာ ငေးမောနေသည်။ လှောင်အိမ်ထဲမှ ပြေးထွက်ချင်သည့် ငှက်အိုလေးတစ်ကောင်နှင့် တူသည်။ 

အဘိုးအိုလေးလို ခပ်မှိုင်းမှိုင်းအရောင် ဆွယ်တာပွပွတစ်ထည်ကြီးကို ဝတ်ဆင်ထားပြီး ဆွယ်တာအောက်တွင်တော့ အရိုးသာသာရှိသော ခန္ဓာကိုယ်လေးရှိသည်။

ထိုကလေးသည် သူမပြောသည်ကို ကြားသည့်အခါ ပထမဆုံးအနေဖြင့် သူမစကားအား စိတ်ဝင်စားဟန် ငဲ့စောင်းကြည့်လာသည်။

"ဘယ်ကိုပါလဲ"

ခေါင်းလေးစောင်းကာ စကားပါ ပြောလာသည့်အခါမှာတော့ ဒေါ်မေကြည်မှာ ဝမ်းသာခြင်းကို ဟန်မဆောင်နိုင်တော့။

"ရန်ကုန်က နာမည်ကြီး ကျောင်းတစ်ခုပါပဲ။ သားမမငယ် သူ့သတို့သားနဲ့ သွားတွေ့ရင်း မေမေတို့ပါ သွားကြည့်ကြမလား"

"မမငယ် အိမ်ထောင်ပြုတော့မှာပါလား"

"မဟုတ်သေးပါဘူး။ ဒီအတိုင်း နှစ်ဖက်တွေ့ကြည့်ရုံပါ"

"ဂုဏ်ပြုပါတယ်လို့ ပြောပေးပါ"

"နေ့တိုင်းတွေ့နေရတာပဲကို။ ကိုယ်တိုင်ပြောပေါ့ အရူးလေးရဲ့"

ချစ်သောမောင်မောင် (သစ်တော၀န်ထောက်မင်း)Where stories live. Discover now