ဝူဟွန်းအသံနေအသံထားကိုကြည့်ရတာ အရင်ကထက် ဂယူဗင်းပေါ် ပျော့ပျောင်းလာသည်။
ကူညီပေးလိုက်တာလဲ ပါမည်။ ဒါပေမဲ့
သူမိတ်ဆက်ပေးသည့် စီနီယာအစ်မက
အဆင်မပြေဘူးဆိုပြီး လာပြောထားတာကို အခု
ဝူဟွန်းက အဆင်ပြေတယ်ဆိုတော့
ဘယ်တစ်ယောက်နဲ့ အဆင်ပြေသွားမှန်းမသိ။
ဒါကလည်း ထားလိုက်ပါလေ အခုက အဲတာထက်
ပိုအရေးကြီးသည့် ကိစ္စရှိနေသည်လေ။"မင်း ပြေတယ်ဆိုတော့ တော်သေးတာပေါ့
ဒါနဲ့ မင်း ရစ်ခီ နဲ့ အဆက်သွယ်ရလား"ဂယူဗင်းသည် ရစ်ခီ လို့သာထည့်ပြောလိုက်ရသည်။
ရင်တမမ။"ရစ်ခီ? ဘယ်ကရစ်ခီ? အာ! မင်းနဲ့ ချိန်းထားတာမဟုတ်ဘူးလား မင်းကို
တွေ့မယ်ဆိုပြီးထွက်သွားတာပဲ"ဝူဟွန်းက ကြောင်အအလေးပြောလာသည်။
"အင်း ဒါဆို ရောက်နှင့်နေပြီထင်တယ်
ငါ ဖုန်းချလိုက်တော့မယ်"ဂယူဗင်းသည် မျက်နှာပေါ်က အပြုံးကို
ထိန်းမရ၊သိမ်းမရ။ ချွမ်းရွေ့ တစ်ဖက်လှည့်နဲ့
သူ့အကြောင်းစုံစမ်းပြီး သူ့ကို လိုက်တာတွေ၊
သူသဘောကျချိန်မှာ ချွမ်းရွေ့ကလည်း
သူ့ကို သဘောကျနေကြောင်းစဥ်းစားမိတော့
ရင်ထဲယားကျိကျိ။ အရင်ကထက်ပိုပြီး
နေလို့ထိုင်လို့ကောင်းလာသလို။အူတူတူလေးလို့ ထင်ထားကာမှ တကယ်တော့
လူလည်လေး ဖြစ်နေတာပဲ ရှန်ချွမ်းရွေ့လေးက။
ဂယူဗင်းက စိတ်ဆိုးနေတာတွေတောင်
ပျောက်ပြီအူမြူးလာသည်။အရင်ထက် ပိုပြီးအရှိန်တင်ကာ ကားကိုမောင်းလာခဲ့သည်။ လူလည်လေးကို ပွေ့ဖက်ပြီး ရင်ခွင်ထဲထည့်ကာ နမ်းရှိုက်ချင်သည်။ ရှန်ချွမ်းရွေ့နားက
တစ်ဖဝါးမှကို မခွာချင်တော့။ဆိုင်ထဲမှာ ထိုင်နေသည့် ချွမ်းရွေ့ကို ဘာတွေတကုပ်ကုပ်လုပ်နေမှန်းမသိ။ ဂယူဗင်း၀င်လာတာကို မြင်တော့ ၀မ်းသာသလိုလို၊ကြောက်သလိုလိုနဲ့ တုန်တုန်ရီရီ။
ကျားဂူထဲရောက်သွားသည့် ကြောင်ပေါက်လေးလို။
ချွမ်းရွေ့က တစ်ခုခုပြောနေပေမဲ့ ဂယူဗင်း နားထဲမှာ ဘာမှမကြား။ရုပ်ရှင်ထဲကအနှေးပြကွက်လို
ချွမ်းရွေ့မျက်နှာလေးကပဲ တ၀ဲလည်လည်။