"ဟဲ့ ဘယ်သွားမလို့လဲ"ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ အစ်မ၀မ်းကွဲက
ဝူဟွန်းကိုလှမ်းမေးသည်။"ဟိုကောင်နေမကောင်းဘူးဆိုလို့
လူနာသတင်းသွားမေးမလို့""အယ် ငါရဲ့ရှန်ရွေ့ရွေ့လေးလား ဘာဖြစ်တာလဲ"
လုပ်လက်စအလုပ်ကိုရပ်လိုက်ပြီး စိုးရိမ်တကြီးမေးလာသည်။
ဝူဟွန်းက သူ့အစ်မ၀မ်းကွဲကိုကြည့်မရပေ။
တစ်ယောက်တည်းရှိတဲ့ မောင်၀မ်းကွဲလေးကို
ကျတော့ ဂရုမစိုက်ဘဲ ချွမ်းရွေ့ကိုကျတော့
ငါရဲ့ရှန်ရွေ့ရွေ့လေး ဆိုပြီး တုန်နေလိုက်တာ အမြင်ကတ်မိတဲ့အထိပဲ။"မသိဘူးဖျားနေတာလို့ပြောတာပဲ"
"ဘယ်လောက်တောင်ဖျားနေတာလဲ"
ဒီတစ်ခေါက်တော့ အစ်မ၀မ်းကွဲဆီက မဟုတ်ဘဲ
ဘေးက ဂယူဗင်းဆီက အသံထွက်လာသည်။သူတို့ မေဂျာက ဘာပရောဂျက်ရှိလို့ဆိုလားမသိ။
အိမ်မှာ ၃၊၄ယောက် လာဝိုင်းပြီး ဆွေးနွေးနေကြသည်။ ဝူဟွန်းမလေးစားဘဲ မနေနိုင် သူ
နဲ့ ချွမ်းရွေ့ဆို ဘာပရော ဂျက်မှမလုပ်။
လုပ်ရလည်း သေချာမလုပ်။အိမ်မှာဝိုင်းဖို့မပြောနဲ့ အချက်အလက်တွေကိုတောင် သူများကိုရှာခိုင်းတာ။"အဲတာတော့ သေချာမသိဘူး"
ဝူဟွန်းသေချာမသိ။ဖုန်းထဲကနေ
မပွင့်တပွင့်အသံနဲ့ ငါ ဖျားနေလို့ ဒီနေ့
အတန်းမလာဘူးလို့ လှမ်းပြောလို့သာ သိရတာ။မသေမှန်းသိနေတော့ ဒီတိုင်းပစ်ထားလိုက်ချင်ပေမဲ့လည်း အတန်းမတက်ချင်စိတ်ကများတော့ သူငယ်ချင်းကိုသတင်းသွားမေးမလို့ဆိုပြီး
အိမ်ကိုပြောကာ အတန်းလစ်ဖို့ ဖြစ်လာသည်။***
"အန်တီ ချွမ်းရွေ့နေမကောင်းဘူးဆိုလို့
သား လာကြည့်တာ"ဝူဟွန်းကတော့ သူ့အိမ် သူ့ယာလို မီးဖိုခန်းထဲ
တန်း၀င်သွားပြီး ချွမ်းရွေ့ အမေကိုချွဲတော့သည်။သူငယ်ချင်းကို ဂရုစိုက်တဲ့
လူကောင်းလေးပုံလည်းဖမ်းရင်း။