"ဟေ့ကောင် ကြားလား ငါပြောတာကြားလားလို့
အဲလိုကြီး လာမေးတာလို့"ချွမ်းရွေ့က ပြောလည်းပြော ဖုန်းကြည့်နေတဲ့
ဝူဟွန်းကျောကိုလည်း တဘုန်းဘုန်းရိုက်နေသည်။"အေး မေးလေ အဲတာဘာဖြစ်လဲ မင်းက
မကြိုက်ဘူးလို့ ဖြေလိုက်တယ်မလား
ဒါဆိုရပြီလေ ပြဿနာကဘာလဲ"ဝူဟွန်းက စိတ်မရှည်ချင်တော့ အဲအကြောင်းကိုပဲ ပြန်နားထောင်နေရတာ သုံးကြိမ်ရှိနေပြီ၊
ပထမတစ်ခေါက်က ချွမ်းရွေ့ ပြန်ပြန်လာချင်း
ဖုန်းဆက်ပြောလို့ နားထောင်ပြီးပြီ။
မနက်ကတစ်ခေါက် အခု နေ့လည်စာစားပြီး
နားနေတာတောင် အေးဆေးမနားရ။"ဗင်းက မင်း ကို ကြိုက်နေတာထင်တယ်"
ချွမ်းရွေ့က အသံတိုးတိုးလေးနဲ့
စိတ်အားငယ်နေသလို။"ဘာ!! ခွေးတောင်မယုံတာတွေ မပြောစမ်းပါနဲ့ကွာ"
ဝူဟွန်းက ကြောက်လန့်တကြား ထငြင်းသည်။
ကြားတာနဲ့တင် တစ်ကိုယ်လုံး ကြက်သီး
တွေတောင်ထသည်။"မသိတော့ဘူးကွာ စိတ်ညစ်တာပဲသိတယ်
အဲလောက်စိတ်ညစ်ရမှန်းသိရင် ရည်းစားထားဖို့ စိတ်ကူးမယဥ်ခဲ့ရမှာ""ဒါဆို ဟိုဘက်ကိုသွား ဟိုဘက်မှာ
ဘုန်းကြီးကျောင်းရှိတယ်ဘုန်းကြီးသွား၀တ်လေ"ချွမ်းရွေ့က အံကြိတ်ပြီးကြည့်သည်။ဝူဟွန်းက
တွန့်သွားပေမဲ့ မသိချင်ယောင်ဆောင်လိုက်သည်။
သူပြောတာ ဘာမှားလို့လဲ ဟုတ်တယ်မလား။"သူငယ်ချင်းအခက်ခဲဖြစ်နေတာ စဥ်းစားပေးမယ်
မရှိဘူး မင်းပြောစမ်း ဂယူဗင်းက ငါကိုကြိုက်နေတာမဟုတ်ဘဲ ငါကပဲ ကြိုက်နေတာထင်တယ်
ငါထင်တာမှန်တယ်မလား"ချွမ်းရွေ့က ရေသောက်နေတဲ့ ဝူဟွန်းကို
ဆောင့်ဆွဲသည်။ရေသီးနေတာမြင်ပေမဲ့
မသိချင်ဆောင်ယောင်ထားလိုက်သည်။"အဟွတ် ဟွတ် နေဦး ဟေ့ကောင်ရ မင်းဖေဖေ
ငါ ရေသောက်နေတယ်လေ မမြင်ဘူးလား
အဲကိစ္စကလည်း ငါ အစ်မတောင် ရိပ်မိတယ်
မင်းက အခုမှ ကိုယ်ကြိုက်နေမှန်း သိတာလား"