"All~by~myself...."
အတက်ကျမညီတဲ့အသံက ရေချိုးခန်းထဲမှ
ထွက်ပေါ်လာသည်။ ဒါ ချွမ်းရွေ့ရဲ့
တစ်ကိုယ်တော်ရှိုးပွဲကျင်းပနေတဲ့ အချိန်။
အမြင့်သံကို ထပ်ခါထပ်ခါ ဆွဲဆိုလိုက်တော့"အဟွတ် ဟွတ်"
တံတွေးသီးပြီး ချောင်းထဆိုးတော့သည်။ဘေးက စတော်ဘယ်ရီနံ့သင်းနေသည့် ရှန်ပူကို
ယူကာ ခေါင်းစလျှော်တော့သည်။
ချွမ်းရွေ့လို ကောင်လေးက စတော်ဘယ်ရီနံ့သင်းနေတဲ့ ရှန်ပူ သုံးတယ်ပေါ့ ဆိုပြီး မအံ့သြ ကြနဲ့။
ဒါက ဟိုကောင်ဝူဟွန်း မွေးနေ့လက်ဆောင်ပေးတာ။
အကြောင်းပြချက်က စတော်ဘယ်ရီ ကြိုက်လို့တဲ့
ချွမ်းရွေ့က။
အဲတုန်းကထိ အဆင်ပြေ၊လက်ခံနိုင်သေးတယ်၊နောက်ရက်တွေ ချွမ်းရွေ့နားက စတော်ဘယ်ရီအနံ့လေးရတယ်ဆိုပြီး ဆရာမတွေက ပြောတော့၊
အတန်းဖော်တွေက ဝိုင်းစကြရော မူလတန်းကျောင်းသားလေး ဆိုပြီး။အဲတာနဲ့ပဲ ပြဇာတ်က တော့လည်း လူပုလေးနေရာကပါလိုက်ရသေးသည်။ မြန်မြန်ကုန်အောင် များများသုံးပေမဲ့ ချွမ်းရွေ့သာ တစ်ပတ် သုံးခေါက်
ခေါင်းလျှော်တတ်တဲ့ အကျင့်ရသွားတယ်
ထိုရှန်ပူဗူးက အခုထိမကုန်သေး။သီချင်းသံရပ်ကာ ဖုန်းသံထွက်လာတော့
ခေါ်ဆိုသူ နေရာကနွားလေး ဝူး ဝူ
"ဟေ့ကောင် ဘယ်ရောက်နေပြီလဲ ငါထွက်လာပြီ"
"မင်းက အခုမှထွက်လာ ငါဆို လမ်းတစ်၀က်တောင်ရောက်နေပြီ"
"မယုံဘူး ဓါတ်ပုံရိုက်ပြ"
ဝူဟွန်း မမြင်နိုင်မှန်းသိပေမဲ့လည်း ချွမ်းရွေ့
လက်ရွယ်လိုက်သည်။
"မင်းလည်း ဓါတ်ပုံရိုက်ပြ"ခေါင်းကရှန်ပူတွေနဲ့ပဲ လက်နှစ်ချောင်းထောင်ပြီးဓါတ်ပုံရိုက်လိုက်သည်။
ရူပါထိပ်တန်း ကြူတာမကျွမ်း မမတွေရဲ့အသည်း။
သောက်ရမ်းလန်းတဲ့ ရှန်ချွမ်းရွေ့ကွ။
***
နွားလေး ဝူး ဝူ<ဓါတ်ပုံ>
ရေချိုးခန်းထဲက ထွက်လာလာခြင်းရိုက်ထားတဲ့
ပုံဖြစ်ပြီး အောက်ပိုင်းတွင် သဘက်တစ်ထည်သာပါသည်။