ချွမ်းရွေ့က မနေ့ကသောက်ထားတဲ့
ဘီယာတစ်ဗူးကြောင့် မနက်နိုးလာတော့ သိပ်ပြီး
မလန်းဆန်း။ ဂယူဗင်းကို ဖွင့်ပြောခဲ့မှန်းတော့သိပေမဲ့ ဘာတွေပြောခဲ့မိမှန်းမသိ ဒီတိုင်းစိတ်ထဲပေါ်လာတာကို လျှောက်နိုပ်ခဲ့ရုံ။"ဖုန်းရော မသိဘူး"
နောက်ကျိလာတဲ့ ခေါင်းကို အသာထား ညက ဘယ်နားကို ပစ်လိုက်မှန်းမသိသည့် ဖုန်းကို ပြန်ရှာရသည်။
ကုတင်ထောင့်စွန်းနားကပ်နေသည့် ဖုန်းက ပြန်ဖွင့်လို့မရတော့။ "တော်သေးတယ် ဖုန်းမကွဲတာ"
ဖုန်းကွဲသွားလို့ ဆိုင်ပို့ရရင် ဂယူဗင်း အဖြေပြန်ပေးတာကို မသိလိုက်ရပဲ နေမှာပေါ့။အခုတော့
အားသွင်းပြီး ကျောင်းသွားဖို့ ပြင်ရမည်။
ရည်းစားရတော့မယ် ဆိုသည့် စိတ်က ချွမ်းရွေ့ကို လန်းဆန်းစေပေမဲ့ လူကတော့ အိပ်ချင်နေတုန်း။"ငါးမိနစ်လောက် ထပ်အိပ်လိုက်ရမလား
ထားလိုက်ပါတော့ ရေချိုးတာပဲ ကောင်းတယ်"ချွမ်းရွေ့က တစ်ယောက်တည်း ဇဝေဇဝါ။
ရေအေးဆေးတစ်နာရီနီးပါးချိုးပြီးပြန်ထွက်လာတော့
အားသွင်းထားတဲ့ ဖုန်းက စက်ပွင့်နေပြီ။
စိတ်ကိုဒုန်းဒုန်းချကာ ဖုန်း noti bar ကို
ကြည့်လိုက်တော့ ဘာမှမရှိ။ ချွမ်းရွေ့က အူလည်လည်တောင်ဖြစ်သွားရသည်။"မဟုတ်သေးဘူး wifi မဖွင့်ရသေးလို့နေမှာ"
ရေဓါတ်ကုန်ခမ်းလာသည့် လည်ချောင်းကို
တစ်ချက်ရှင်းသည်။ ရေစင်အောင်မသုတ်ထားသည့် ခန္ဓာကိုယ်ကတောင် ရောယောင်ပြီး ချွေးပြန်ချင်လာသည်။wifi ဖွင့်ပြီး မျက်စိစုံမှိတ်ထားမိသည်။
တတောင်တောင် နဲ့ တက်လာသည့်
အသံတွေက ချွမ်းရွေ့ နားထဲ ပေါက်ကွဲတော့မည့်
မီးတောင်ထဲက ချော်ရည်ပွက်သံတွေအလား။
ဂယူဗင်းနဲ့ တူတာတစ်ခုမှမတွေ့တော့ ချွမ်းရွေ့
မနက်ခင်းက မသာယာတော့။
ကုတင်ဘေးမှာ ပုံ့ပုံ့လေးထိုင်နေမိသည်။
သွားပြီ အငြင်းခံလိုက်ရပြီ!!! ထွက်မလာသည့် မျက်ရည်တွေကို ရှိုက်နေရင်း ကြာလာတော့
နှာခေါင်းတောင်မွှန်လာသည်။
အသည်းကွဲတယ်ဆိုတာ
ဒါမျိုးလားဆိုပြီး ဝူဟွန်း ကိုတောင် ပြေးမြင်မိသည်။