လီမန်က ထိုလူ့မျက်လုံးထဲကနေ အရောင်စုံယုတ်မာမှုတွေကိုမြင်လိုက်ရချိန်တွင် အော်ဟစ်မိတော့သည်။

" ထွက်သွားစမ်း၊ ငါ့ကိုမထိနဲ့! "

" ကြိုးပေးလိုက် ၊ ဒီအနံ့ဆိုးတဲ့မိန်းမကိုကြိုးပေးလိုက်တော့! " ထိုအသံကလူအုပ်ထဲမှ အားပေးအားမြှောက်ပြုစွာထွက်လာတာဖြစ်သည်။

ဝူစန်းမှာ အလွန်ရိုးရှင်းစွာဖြင့် ကြိုးကိုလီမန်၏လည်ပင်းတွင်စွပ်လိုက်ရင်း သူ့လက်ကြမ်းများဖြင့်ခက်ခဲစွာ ဆွဲလိုက်တော့သည်။

လီမန်မှာအသက်ရှူကြပ်လာပြီး လည်ပင်းရှိအသားအရည်မှာလည်း ကြိုးကြောင့်နီမြန်းလာလေတော့သည်။

သူမ ထပ်သေပြန်ပြီလား?

ရယ်စရာကောင်းလိုက်တာ ၊ တစ်နေ့တည်းနဲ့သူမကိုနှစ်ခါပြန်သတ်တာ​ပေါ့လေ။ ကားနဲ့တိုက်သတ်တာမလုံလောက်သေးလို့ ကြိုးဆွဲချတာလား။

" ရပ်လိုက်စမ်း! "

ရွာသားတွေက လီမန့်ကို အသတ်ခံရဖို့စောင့်ဆိုင်းနေချိန်မှာပဲ ကျယ်လောင်တဲ့အသံတစ်ခုထွက်ပေါ်လာခဲ့သည်။ အရပ်မြင့်မြင့်နှင့် သန်မာသောလူက ညောင်ပင်ရှိရာသို့ ပြေးသွားပြီး သူ့နောက်ကလူတစ်ယောက်လည်းပြေးလိုက်ပြီးနောက် ဝူစန်းဘက်သို့လှည့်ကာကန်လိုက်၏။ ထို့နောက်တော့လူရွယ်နှစ်ယောက်မှာ ဝူစန်းကို ထိုးကြိတ်ကန်ကျောက်ကြလေတော့သည်။

" မတိုက်နဲ့တော့ "

လီမိုက လီမန့်လည်ပင်းကို ကြိုးကိုဖြုတ်ပေးလိုက်ပြီး သူမကိုနိုးလာမလားလို့ ဂရုတစိုက်စစ်ဆေးနေရင်း သူ့ညီအကိုနှစ်ယောက်ကိုပြောလိုက်၏။
လီရန်နဲ့ လီရှူကလည်းရပ်တန့်သွားတော့သည်။

ဝူစန်းမှာမြေကြီးပေါ်ပက်လက်လဲနေပြီး တစ္ဆေတစ်ကောင်လိုပဲအော်ဟစ်နေတော့သည်။
" ရွာလူကြီး ၊ ခင်ဗျားကကျုပ်ရဲ့ဆရာသခင်လိုပါပဲ၊ ဒီလူတွေကကျုပ်ကိုအနိုင်ကျင့်ပြီး ဒီလိုဖြစ်အောင်ထိုးတယ်! "

" အဲ့တာမင်းလေ! " လီရှူကမရပ်တန့်နိုင်သေးပေ။ ထို့ကြောင့်သူက ဝူစန်း၏ဖင်ကို ဖိနှောင့်ဖြင့် ပိတ်ကန်ပစ်လိုက်၏။
" ခွေးကောင်! ဒီလောင်ဇီရဲ့မိန်းမကိုမင်းကထိရဲတယ်! သေချင်နေတာလား မင်း! "

ကံကောင်းသော ဇနီးသည်Where stories live. Discover now