133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ

Start from the beginning
                                    

ဟဲကျင့် က နှုတ်ခမ်းကိုဖွင့်လျက် တိုးတိုးလေးပြောလာလေသည်

"တောင်းပန်ပါတယ် ဒါပေမယ့် ပြီးခဲ့တဲ့အချိန်တုန်းက ငါလည်း ဖိအားအရမ်းများသွားလို့"

သူမျက်လုံးစဉ်းကာဖြင့် ချင်ယွီရဲ့ လက်ချောင်းကိုနမ်းလိုက်ပြီးတိုးတိုးလေးပြောလာလေသည်။

"အင်း ငါတို့ ရန်မဖြစ်တော့ဘူး"

ချင်ယွီ က ကျေနပ်စွာ ပြုံးလိုက်ပြီး ဟဲကျင့် ကို ပွေ့ဖက်၍ နမ်းလိုက်သည်။

"ဟေ့ ငါတို့ မနေ့ညကတင် လုပ်ခဲ့သေးတယ်လေ..."

"ငါထိရုံလေးပါပဲ ဘာမှမလုပ်ဘူးလို့ ကတိပေးတယ်ကွာနော်"

"မင်းအာမခံတာကယုံရတာလဲမဟုတ်ဘူး ငါ မနက်စောစော အတန်းရှိသေးတယ်... အမ်း!"

"အာ့......"

အားလုံးအခြေကျသွားတဲ့အခါမှာတော့ ဟဲကျင့် သည် နေ့ခင်းဘက်တွင် ကျောင်းသို့သွားပြီး ထို့နောက်တွင်တော့ အလျင်အမြန် ကျောင်းမှ ပြန်လာခဲ့သည်။သူသည် ပတ်ဝန်းကျင်ကို လုံးဝစွန့်ခွာသွားသည်ဟု အမှန်တကယ် ခံစားခဲ့ရပြီး လူထုအမြင်ဖိအားလည်းသူ့အပေါ် နည်းပါးလာသည်။

သူတို့ အားလပ်ချိန်မှာတော့ဟင်းချက်နည်းတွေကို အတူတူ လေ့လာကြသည်။ချင်ယွီက ထမင်းဟင်းချက်ပြီး ဟဲကျင့်ကတော့ကျန်တဲ့ အိမ်မှုကိစ္စတွေကို လုပ်ပါ၏။ သူတို့နှစ်ဦးသည် ကြောက်မက်ဖွယ်ရာ ဟင်းပွဲများစွာကို ပြုလုပ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် စားပွဲပေါ်တင်ထားသော ဟင်းပွဲများသည် နှစ်သက်ဖွယ်အရည်အသွေးတစ်ခုတော့ရှိလေရဲ့။

ဟဲကျင့် သည် အနည်းငယ် အသန့်ကြိုက်လွန်သူဖြစ်သည်။ ချင်ယွီက ပန်းကန်ဆေးတဲ့အချိန်တိုင်း မီးဖိုခန်းတစ်ခုလုံး ကိုရေတွေရွှဲနေရော။ ဟဲကျင့်က ဒါကိုနှစ်ကြိမ်လောက်မြင်ပြီးချိန်မှာတော့ သူသည်းမခံနိုင်တော့ချေ။ အဲ့ဒါကြောင့် သူကျန်တဲ့ သန့်ရှင်းရေးကို လုပ်လိုက်ပြီး ချင်ယွီလည်း နည်းနည်းတော့ အနားယူနိုင်တာပေါ့လေ။ သူတို့အတူတူနေထိုင်ပြီးနောက်မှာတော့ အလုပ်တွေကို ရှင်းရှင်းလင်းလင်း ခွဲဝေယူကြပြီး အိမ်မှုကိစ္စကြောင့် တစ်ခါမှ ရန်မဖြစ်ခဲ့ကြပါချေ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now