𝐵𝑒𝑦𝑜𝑛𝑑 𝐻𝑎𝑡𝑟𝑒𝑑:➀

Start from the beginning
                                    

"မနိုင်ရင် လွှတ်ချမှာ"

မည်သို့ချောင်းချောင်း မမီသည့်အဆုံးတွင်တော့ အစ်မဖြစ်သူ၏ စိတ်မရှည်လက်မရှည် ငေါက်သံငမ်းသံက ထွက်လာပြီ။ကိုယ်တိုင်လည်း အဆင်မပြေသည်မို့ ခါးမှမြှောက်မ၍ အားကုန်သုံး ချီပွေ့လိုက်လျှင် အစ်မဖြစ်သူခမျာ အုတ်နံရံကို လက်နှစ်ဖက်ဖြင့် တွယ်ချိတ်၍ လည်ကလေးဆန့်ကာဆန့်ကာဖြင့် အပေါက်ရှိရာသို့ ခေါင်းမီရေး တို့အရေး ဖြစ်၍နေသည်။

"ဟဲ့ ဟဲ့ မြင်ရပြီ။အော် အရေးထဲမှ ဒီပန်းတွေက လာကွယ်နေသေးတယ်"

တအောင့်ကြာလျှင် အစ်မဖြစ်သူဆီက ၀မ်းသာအားရ စူးအော်သံက ဘဲအော်သံနှယ် တကွဲကွဲ တပြဲပြဲထွက်လာသည်။

"ကွယ်လက်စနဲ့ နှစ်ခက်လောက် ချိုးကြည့်ပါလား"

"နင်က ဘာလုပ်မလို့လဲ"

"ကြိုက်လို့ပေါ့ဟ"

"ယောကျ်ားလေးဖြစ်ပြီး ပန်းတအားကြိုက်"

"ခူးမှာလား မခူးဘူးလား။ငါလွှတ်ချမှာနော အေး"

"အမလေးဟယ် ခူးပေးပါ့မယ်။တကတဲ ငါ့မှာ ကိုကို့ကို လာချောင်းတာ ကောင်းကောင်းမချောင်းရဘူး။နင်ဆိုသည်မှာလဲ "

အစ်မဖြစ်သူ၏ ခန္ဓာကိုယ်အလေးကြီးကို ထိန်းမထားရင်း ထိန်းရသည်နှင့်တန်အောင် ကိုယ်ကြိုက်သော စံပယ်ခက်ကိုလည်း
အချိုးခိုင်းရသည်။စံပယ်ခက်တွေက
အမြင်အကြည့်နှင့်ပင် ဖြူစွတ်မွှေးသင်းကာ စိတ်မနောကို ဆွဲဆောင်လွန်းနေပြီ။နားကြားထဲ ညှပ်ပန်လိုက်ရရင်ဖြင့်။အတွေးစိတ်ကူးဖြင့် မြူး၍ အစ်မဖြစ်သူ၏ကိုယ်လုံးတစ်တစ်ကို အမြင့်သို့ပိုတင်အောင် အားထည့်မြှောက်ချီလိုက်သည်။

"ဟဲ့ တွေ့ပြီ။ဟိုမှာ ပေါ်တီကိုအောက်မှာ ငါ့ကိုကိုတော် ငါ့ကိုကို! အမလေးလေး ငါ့ကိုကိုဟာလေ စာဖတ်နေတာတောင် တည်ငြိမ်အေးဆေးနေတာပဲတော့်။မျက်မှန်လေးတပ်ထားပြီး ရှင်းသန့်တောက်ပနေပုံများ မိုးပေါ်ကနတ်သားလေး မြေပြင်ပေါ် ဘုတ်ခနဲ ခုန်ဆင်းလာသလိုပဲ။"

"ဟော ဟော မျက်မှန်ကိုင်းကို ပင့်ပြီး သူခေါင်းမော့လာပြီ။အမလေးဟယ် ဘေးက
အယ်ဇေးရှင်းခွေးကြီးသာ ငါဖြစ်လိုက်ချင်တော့တယ်။ကြည့်စမ်း မသာလေး သေချင်းဆိုးလေး။သင်းက ငါ့ကိုကိုခေါင်းပွတ်ပေးတော့ ငြိမ်လို့၀ပ်လို့။ငါတို့များကျ ဆယ်သက်၊ဆယ်ကမ္ဘာ ရန်သူတော်ကြီးတွေအတိုင်း မမြင်လိုက်နဲ့ မြင်လိုက်တာနဲ့ လိုက်ခဲဖို့ချောင်းနေတာ"

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now