"ငါဒီနေ့နားရအုံးမှာလား"
"မင်းကဘယ်မှာနေမှာလဲ..."
"မင်းတို့နဲ့နေမယ်လေ"
"ဘာ ! !!"
ထအော်လိုက်သည့် သမုကြောင့် သျှားထက်နဲ့ခေတ်သွေးတင်မက ဘေးဝိုင်းတွေကပါလန့်သွားပြီးသူတို့ကိုကွက်ကြည့်ကွက်ကြည့်လုပ်လာကြသည်။
"ဘာထဖြစ်တာလဲ"
SH"အေ့လေ အလန့်တကြား"
"မင်းငါ့အိမ်မှာလိုက်နေလို့မရဘူးလေ"
SH"ဒါဆိုငါကဘယ်မှာနေရမှာလဲ "
"သျှားထက် ငါတို့နဲ့ဘာလို့လိုက်နေလို့မရရမှာလဲ လိုက်ခဲ့"
"အခန်းကနှစ်ခန်းပဲရှိတာလေ...."
ချက်ချင်းဆိုသလိုပင်သမုရဲ့ကောင်းထဲကို မှောင်မိုက်သည့်အတွေးတချို့ဝင်လာသည်။
"ရတယ် နှစ်ခန်းရှိလဲအဆင်ပြေတယ် မင်းကတစ်ခန်းအိပ်လိုက်။ငါကခေတ်သွေးနဲ့သွားအိပ်လိုက်မယ်"
"ဘာ..ဘာလို့ငါနဲ့အိပ်မှာလဲ ဆိုဖာပေါ်မှာအိပ်လေနေရာကျယ်တယ်"
"အကိုပြောတာလဲမှန်နေတာပဲ"
"ဘယ်ကိုမှန်တာလဲနောက်စေ့ကိုလား"
ရွဲ့သလိုစောင်းသလိုမျက်နှာပေးဖြင့် သမုကပြောသည်။ခေတ်သွေးကထိုစကားကိုသဘောမကျဟန် သမုမျက်စောင်းထိုးလိုက်သည်။
"ပေးမင်းအထုတ်တွေ အာ...များလိုက်တာ"
"သူ့ဘာသာသယ်ပါစေ အချစ်ကဒီတိုင်းပဲလိုက်ခဲ့"
"ဒါဆိုမင်းသယ်ပေးလိုက်လေ အားနေတယ်မို့လား"
လက်ထဲမှကိုင်ထားသည့် အထုတ်အား သမုကိုပေးကာပြောသည်။
"ဟမ် ! ကိုကိုနဲ့ဘာဆိုင်လို့လဲ"
"လျှာမရှည်နဲ့ သယ်လိုက်"
"ဟုတ်ကဲ့! !!"
မျက်နှာကြီးစူပုတ်ပုတ်နဲ့အထုတ်တွေသယ်သွားသည့်သမုကို လျှားထက်ရယ်မိပါသည်။လင်ကိုကြောက်တက်လိုက်တာလဲသူဗလကြီးနဲ့မှအားမနာ...။
"စော်မရှိရယ်မနေနဲ့သွားမယ်"
"ဟာဗျာ..."
သျှားထက်ကိုအသက်လွတ်ကြီးဖဲ့သွားသည့်ခေတ်သွေး။သျှားထက်ဘာမျှပြန်မပြောနိုင်ခင်မှာဘဲသူကအရှေ့ကအရင်သွားနှင့်ပြီ။သျှားထက်မှာတော့မအီမသာမျက်နှာဘေးဖြင့်ကျန်ခဲ့သည်။
part -21*_*
En başından başla