အပိုင်း (၃၆) နေ့ရက်တိုင်းလွမ်းဆွတ်တမ်းတ

6.4K 671 114
                                    

Uni

You Are My Happiness (Part 36)

၄နှစ်ကြာပြီးနောက်...

ထိန်ယံလင်းမှာ စတော်ဘယ်ရီတွေဖြင့်အလှဆင်ထားသော ကိတ်မုန့်လေးကိုပြုလုပ်ပြီးစီးသည်နှင့် သူ့သားလေးနှစ်ယောက်အားလှမ်းခေါ်သည်။

" ဇိုင်းမြတ်..လင်းမြတ် ပါးပါးကိတ်မုန့်လုပ်ပြီးသွားပြီနော်။"

ထိုအသံကြားသည်နှင့် ၃နှစ်ကျော်နေပြီဖြစ်သော
ဇိုင်းမြတ်မဟာလင်း နဲ့ လင်းမြတ်မဟာရောင် အမြွှာညီအစ်ကိုတို့မှာဆော့စရာများကိုချရင်းအပြေးလာကြသည်။

ကိတ်မုန့်လေးကိုခွဲပေးပြီး စားစေတော့ ၀မ်းသာအားရပင်စားကြပြီး အငယ်ကောင်လင်းမြတ်က လက်မထောင်ပြသည်။

" ပါးပါး လက်ရာကတစ်နေ့တစ်ခြား ပိုကောင်းလာတယ်။
အရမ်းကြိုက်တာပဲ နေ့တိုင်းစားရရင်ကောင်းမယ်။"

" နေ့တိုင်းတော့စားလို့မရဘူးလေ အချိုအရမ်းစားရင် ရောဂါဖြစ်တက်တယ်။
ပါးပါးတစ်လတစ်ခါပဲ လုပ်ကျွေးမှာ။"

ဇိုင်းမြတ်မဟာလင်း ကတခစ်ခစ်ရယ်သည်။
ထိုကလေးလေးရယ်မောတော့ ပါးချိုင့်လေးတွေမှာပေါ်လာပြီး သူ့အဖေဇိုင်းမြတ်မဟာမောင်၏ပုံရိပ်ကိုထင်ဟပ်စေသည်။

" ပြောပါအုံး သားကဘာလို့ရယ်တာတုန်း"

"  ပါးပါးမလုပ်ကျွေးရင် ဦးဦးဇေရဲက၀ယ်ကျွေးတယ်။"

ထိန်ယံလင်းက အသည်းယားစွာဖြင့် သူ့သားပါးကိုဖွဖွဆွဲရင်း
" အဲ့ဒါဆို ပါးပါးကနောက်ခါ မ၀ယ်ကျွေးဖို့ပြောထားလိုက်တော့မှာ။"

သားအဖနှစ်ယောက်စကားပြောနေကြတုန်း အငယ်ကောင် လင်းမြတ်က
နှစ်ယောက်လုံး၏ပါးကိုသူ့လက်ညိုးလေးဖြင့်  creamတွေလာသုတ်သည်။

ပြီးနောက်တခစ်ခစ်ရယ်မောပြီး ထွက်ပြေးတာကြောင့် ဇိုင်းမြတ်မဟာလင်းကcreamယူကာ သူ့ညီနောက်ပြေးလိုက်တော့သည်။ 

ထိန်ယံလင်းမှာ ပျော်ပျော်ရွှင်ရွှင်ပြေးလွှာနေသော ညီအစ်ကိုနှစ်ယောက်ကိုကြည့်ပြီး ပြုံးမိသည်။

ထိုအမြွှာညီအစ်ကို၂​ယောက်က သူ့ဘ၀ဆက်ရှင်သန်ရတဲ့အကြောင်းတရားလေးတွေဖြစ်ခဲ့တာပင်။ ကိုယ်၀န်တကယ်ရှိကြောင်း အတည်ပြုလက်ခံပြီးချိန်တွင်သူ့ဘ၀ထဲ ကြောက်စိတ်ပူပန်စိတ်တွေနဲ့အတူ အလင်းရောင်ခြည်လေးတွေပါ၀င်ရောက်ခဲ့သည်ဟုပြောရမည်။

You Are My Happiness Tahanan ng mga kuwento. Tumuklas ngayon