Extra 1

841 51 2
                                    

Extra 1 - Waiting For

ပူအိုက်ပြင်းပြသည့်နွေရာသီအလယ်တွင် 'ယဲ့ဆိုက်နင်'သည် ​နိုင်ငံအတွင်း ထင်​ပေါ်​ကျော်ကြားသည့်အမျိုးသမီး​လေးဦးထဲမှတစ်ဦးအပါအဝင်အဖြစ် မဂ္ဂဇင်းရိုက်ကူး​ရေးအား ​နေ့လည်ခင်းတွင်ပြုလုပ်ခဲ့ပြီး ညဘက်တွင် Brand ပစ္စည်းတစ်မျိုး၏ညစာစားပွဲသို့ တက်​ရောက်ခဲ့သည်။

အဝတ်အစားလဲခန်းထဲမှ တစ်ဒါဇင်ထက်မနည်း​သော ဝန်ထမ်းများမှာ နာမည်ကြီး​မော်ဒယ်တစ်ဦး၏​ဘေးတွင် ​ပြေးလွှားလှုပ်ရှား​နေကြရသည့်အချိန် ၊ 'မီကျား'တစ်​ယောက်က လက်ကိုင်ဖုန်းကို ပုခုံးနှင့်ညှပ်၍စကား​ပြော​နေပြီး တစ်ဖက်ကလည်း Valentino တံဆိပ်အနက်​ရောင်ဂါဝန်အသစ်တစ်ထည်ထားကိုင်ကာ ယဲ့ဆိုက်နင် သ​ဘောကျမကျ အသံတိုးတိုးနှင့်လှမ်း​မေး​နေ၏။

မိတ်ကပ်အလှပြင်ဆရာမှ ဆံပင်​​မွေးအား မ​တော်တဆဆွဲလိုက်မိခြင်းကြောင့် ဆီ​ဆေးပန်းချီကားတစ်ချပ်လိုလှပ​ကျော့ရှင်း​နေသည့် ယဲ့ဆိုက်နင်၏မျက်နှာထက်တွင် နာကျင်မှု​ကြောင့်မျက်​မှောင်ကျုံ့သွားရသည့်အရိပ်အ​ယောင်တချို့ထင်ဟပ်လာသည်။

မိတ်ကပ်ဆရာ ; " sorry ​ပေါင်​ပေ့ ၊ နာသွား​သေးလား"

ယဲ့ဆိုက်နင်က လျစ်လျူရှုသလိုသာ​နေလိုက်ပြီး မီကျား၏လက်ထဲမှ အနက်​ရောင်ဂါဝန်အား တစ်ချက်လှမ်းကြည့်ကာ လက်ညှိုးတစ်​ချောင်းသာ​ထောင်ပြလိုက်သည်။ မီကျား ချက်ချင်းသ​ဘော​ပေါက်ပြီး ​နောက်ထပ်အဝတ်အစားများကို ထပ်၍ယူလာ​ပေးခဲ့၏။ တစ်ဒါဇင်ထက်မကသည့်အဝတ်အစားများအား ဆက်တိုက်​ရွေးချယ်ပြီးသည့်​နောက်တွင်မှ အနီရင့်​ရောင် V dress တစ်ထည်အ​ပေါ် မျက်စိသွားခဲ့၏။

အဝတ်အစားလဲပြီးသည့်​နောက်တွင် ယဲ့ဆိုက်နင်သည် ဂါဝန်၏အနားစကို အသာအယာပင့်မရင်း ညစာစားပွဲဆီသို့တက်​ရောက်လာခဲ့သည်။ ပွဲတက်အင်္ကျီများထက်မှ ​မွှေးရနံ့​ပေါင်းစုံ ၊ တဖျက်ဖျက်လက်​နေသည့်မီးဆိုင်းများအပြင် ဟန်​ဆောင်မျက်နှာဖုံးများထက်မှ အထက်စီးဆန်သည့်အပြုံးများအားလုံး...အရာအားလုံးဟာ ညသန်း​ခေါင်လမ်းထ​လျှောက်​နေရသည့် ဖြူဖတ်ဖြူ​ရော်သရဲတ​​​စ္ဆေများအလားပင်။

ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]Where stories live. Discover now