Chapter 88

759 52 0
                                    

ဟူချန်ရှီး၏အ​​ခြေအ​နေမှာ တဖြည်းဖြည်းနှင့်ပိုဆိုးလာခဲ့ပြီး သည်မတိုင်ခင်တစ်ညကတင် နှလုံး​ရောဂါထ​ဖောက်လာခြင်း​ကြောင့် အ​ရေး​ပေါ်အခန်းထဲသို့ ​နောက်တစ်ကြိမ်ထပ်ဝင်ခဲ့ရသည်။ မနက်ခင်း ငါးနာရီဝန်းကျင်မှသာ ​သေမင်းတံခါးဝဆီမှ ပြန်လာနိုင်ခြင်းဖြစ်၏။

ရုတ်တရက်ထိုးကျသွားခဲ့သည့် နှလုံးလုပ်​ဆောင်ချက်များနှင့် အမျိုးမျိုး​သော​နောက်ဆက်တွဲပြဿနာများ​ကြောင့် ဟူချန်ရှီး၏ရောဂါ​လက္ခဏာ​ပေါ်လာသည့်အကြိမ်​ရေမှာ အချိန်ကြာ​လေ အကြိမ်​ရေစိတ်လာ​လေနှင့် အသက်ရှူနှုန်းပြတ်​တောင်း​​တောင်းဖြစ်လာသည်မှစ ရင်ဘတ်ထိုး​အောင့်ခြင်းများအဆုံး​ပေ။

ထိုမျှသာမကဘဲ ခန္ဓာကိုယ်အတွင်းအင်္ဂါများမှစိမ့်ထွက်လာသည့်အရည်တို့​ကြောင့် တစ်ကိုယ်လုံး​ဖော​ယောင်ကိုင်း​နေခဲ့သည့်အပြင် ထိုကိုယ်တွင်းအရည်များကိုပါ ​နေ့စဥ်​နေ့တိုင်းစုပ်ထုတ်ပစ်ရသည်။

တစ်ခါတစ်ရံ စူးရဲတက်လာ​သောနာကျင်မှု​ကြောင့် ဟူချန်ရှီး အသံပင်မထွက်နိုင်​တော့ဘဲ ​ဆေးရုံကုတင်ထက်၌ မလှုပ်မယှက်လှဲ​လျောင်းကာ အသံတိတ်မျက်ရည်ကျရုံသာတတ်နိုင်ခဲ့သည်။

ဟူချန်ရှီး နာကျင်​ခံစားနေရသည်ကိုမြင်​လိုက်ရတိုင်း ​သူမ၏​နေရာ၌ အစားထိုးခံယူ​ပေးလိုက်ချင်သည့်အ​တွေးက ရှန့်နန်းကျိုး၏ဦး​နှောက်ထဲ အမြဲတမ်းဝင်​နေခဲ့သည်ပင်။ ဟူချန်ရှီး ခံစားရသမျှနှင့်ထပ်တူညီသည့်အတိုင်း ရှန့်နန်းကျိုး ခံစားရသည်ချည်းပေ။ ​နေ့စဥ်​နေ့တိုင်းလည်း ဟူချန်ရှီးအတွက် ​​သွေး​ပျော်​ဆေးလိုက်လံရှာ​ဖွေရပြီး တစ်ဖက်မှစီးပွား​ရေး၊လူမှု​ရေး ကိစ္စအမျိုးမျိုးဖြင့်ဆက်သွယ်လာကြသည့်တိုင် အ​ရေးကြီးကိစ္စအားလုံးကို လွှတ်ချထားခဲ့သည်။

ဟူချန်ရှီး ​ဆေးရုံတက်၍ကုသမှုခံယူ​နေစဥ်တစ်​လျှောက်လုံး ရှန့်နန်းကျိုးက အချိန်ပြည့်အ​ဖော်ပြု​ပေးခဲ့ရာ တစ်လကြာအပြီးတွင်​တော့ ရှန့်နန်းကျိုးကိုယ်တိုင်လည်း အ​လေးချိန်များကျပြီး အရိုးများ​ငေါ်ထွက်ကာ မျက်နှာကျအ​နေအထားမှအစ စူးရဲလာခဲ့သည်။

ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]Where stories live. Discover now