/မင်း ပျင်း​နေရင် ငါနဲ့လိုက်ခဲ့ ကူပြီး လူကြည့်​ပေး/

/​တော်စမ်းပါ ဂယူဗင်းက မလိုက်ရဘူးတဲ့/

ဂယူဗင်းက ​ရေမ​​​သောက်ရဘူးလို့ ​ပြောရင်​
​ရေဗူးကိုချပြီး ချက်ချင်း ဘီယာဗူး ​ပြေးကိုင်မယ့်အထိ ချွမ်း​ရွေ့က ဂယူဗင်း စကားဆို မငြင်း။

/​အဲ​ကောင်က ဘာ​ကောင်မို့လို့ မလိုက်ခိုင်းရတာလဲ
မင်းကလည်း ငါ သူငယ်ချင်းဖြစ်ပြီး
ရည်းစား​ကြောက်ရလား/

ငါတုန်းကဆို ရည်းစား​တွေကို ​ကြောက်ကိုမ​ကြောက်တာ​နော်။ ဝူဟွန်းက ​ခေါင်းတခါခါ။
သူငယ်ချင်းလို့​ပြောရမှာ​တောင် ရှက်မိသည်။

/ဘာမှ ​ကြောက်တာမဟုတ်ဘူး
ငါက ဂယူဗင်း စိတ်ဆင်းရဲသွားမှာဆိုးလို့/

​ကြောက်တာမဟုတ်ဘဲ ချစ်တယ်ဆိုတဲ့ အ​ကြောင်းကို​တော့ ချွမ်း​ရွေ့က မရှင်းပြ​တော့။ဝူဟွန်းက နားလည်မယ်လည်းမထင်​လေ။

/အပို​တွေ/

/​ဟေ့​ကောင် ငါ ရာဇ၀င်မှာ
ရည်းစား​ကြောက်တယ်ဆိုတာ မရှိဘူး
မင်းနဲ့ လိုက်ပြမယ် ကြည့်​နေ/

ဒီလို​ကြောတာကို​တော့ မခံနိုင်။ချက်ချင်း တက္ကစီ
ငှားပြီး ဝူဟွန်း အိမ်ကို သွားသည်။ တက္ကစီ​ပေါ်​ရောက်ပြီး ခဏ​ကြာ​တော့ ချွမ်း​ရွေ့သည်
စိတ်မလုံ။ဝူဟွန်းထံ စာတစ်​စောင် ထပ်ပို့လိုက်သည်။

/ဂယူဗင်း မသိ​စေနဲ့/

***

ဘာပြဿနာတက်လာလဲ မသိ​ပေမဲ့
ဒိတ်သွားလုပ်သည့် စီနီယာအစ်မက
ဂယူဗင်းဆီ လာ​တွေ့သည်။ဂယူဗင်းသည်
အဲအစ်မ လမ်း​လျှောက်လာတာကို မြင်ကတည်းက
ခုံ​အောက်​ပြေးပုန်းချင်မိသည်။
ဘာမှန်းမသိ​ပေမဲ့ အဲဝူဟွန်း ဆိုသည့် တစ်​ယောက်နဲ့ ပတ်သက်လျှင် ​ကောင်းတာ​တော့မဖြစ်နိုင်။

"ဂယူဗင်း နင်​ပြောတဲ့ ​ကောင်​လေး​လေ"

​မော​​မောနဲ့ ၀င်ထိုင်သည်။မျက်နှာကိုကြည့်ရတာ​တော့ သိပ်ပြီး အဆင်မ​ပြေတဲ့ အမူအရာမဟုတ်။

user@all_of_mylove_for_youWhere stories live. Discover now