Chapter 94 ( Ending)

Začít od začátku
                                    

​ကျောင်းထိန်းသိမ်း​ရေးလူကြီးပိုင်းများအားလုံး ရှိ​နေကြသဖြင့် ကျိုးကျင်းဇယ်​​ရော ရွှီ​ဆွေပါ ​ယဥ်ယဥ်​ကျေး​ကျေးဖြင့်သွား​ရောက်နှုတ်ဆက်လိုက်ကြသည်။ ​ကျောင်းအုပ်ကြီးမှာ ကျိုးကျင်းဇယ်ကိုလှမ်းမြင်လိုက်သည်နှင့် ချက်ချင်းလှမ်း​ခေါ်နှုတ်ဆက်လိုက်ပါ​သော်ငြား နံ​ဘေးနားတွင်ရပ်​နေသည့် ရွှီ​ဆွေ၏အလှည့်တွင်​​တော့ ရုတ်တရက်ငြိမ်ကျသွားပြီး နာမည်စဥ်းစားမရဖြစ်​နေ​ချေ၏။

ထိုအခါ အတန်းပိုင်ဆရာမက စကားလမ်း​ကြောင်းကိုဆက်၍

"သူ့နာမည်က ရွှီ​ဆွေ...အဲ့တုန်းက ကျွန်မတို့အတန်းရဲ့အလိမ္မာဆုံး​ကောင်မ​လေး​ ၊ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲတုန်းကလည်း ဒုတိယ​လေ...ကျိုးကျင်းဇယ်ရဲ့​နောက်မှာ​ပေါ့"

​ကျောင်းအုပ်ကြီးက ထိုအခါမှအမှတ်ရသွားခဲ့ပြီး သူ့​ခေါင်းသူ ပုတ်လိုက်၏။

"ဆရာ့ဦး​နှောက်ကိုကြည့်ကြပါဦးဗျာ...မှတ်မိပြီ မှတ်မိပြီ ၊ ဒါက​တော့ ဒီ​ကောင်​လေး အရမ်းဆိုးခဲ့တာ​တွေကိုပဲ အပြစ်တင်ရ​တော့မှာပဲ...​ကျောင်းထဲမှာနေ့တိုင်းရန်ဖြစ်ပြီး ပြဿနာရှာ​​နေတဲ့​ကောင်​လေးဆို​တော့ မမှတ်မိလို့ကိုမရ​တော့တာ"

ကျိုးကျင်းဇယ် လှစ်ခနဲပြုံးလိုက်ရုံကလွဲ ခွန်းတုံ့ပြန်​ပြောမ​နေ​တော့​ချေ။

"ဒီ​ကောင်​လေး မဆိုးဘူးလို့ပဲ​ပြောရမယ်..​ကောင်းတယ် ​ကောင်းတယ် လမ်းမှန်ကို​ဖြောင့်​ဖြောင့်မတ်မတ်​လျှောက်သွားနိုင်တယ်"

​ကျောင်းအုပ်ကြီးက စတိတ်စင်ဘက်သို့တစ်ချက်လှည့်ကြည့်ပြီး ရယ်​ပြုံးပြုံးဖြင့်ဆက်၍

"ဂျူနီယာညီ​လေး၊ညီမ​လေးအတွက် စင်​ပေါ်တင်ပြီး မင်းရဲ့​အောင်မြင်မှုအ​တွေ့အကြုံ​တွေအ​​ကြောင်း သုံး​လေးခွန်း​ဝေမျှပါလား"

ကျိုးကျင်းဇယ်မှာ ​ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားရင်းပင်စကားဆိုလိုက်သည်။

"မလုပ်ပါရ​စေနဲ့ ၊ ကျွန်​တော် အထက်တန်းတုန်းကဖြင့် ဂိမ်း​ဆော့လိုက် ရည်းစားထားလိုက်နဲ့ပဲအချိန်ကုန်​နေတာ ၊ ​ကျောင်းအုပ်ကြီး ကျွန်​တော့်ကိုသွား​ပြောခိုင်းမှ ပိုမှား​​နေမယ်​နော်"

ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]Kde žijí příběhy. Začni objevovat