မိတ်ဆက်

Start from the beginning
                                    

"ဘုန်း!!"

အားနှင့်ဆောင့်လွှဲကန်သည်၌ ခုံခြေထောက်မှာ ဘေးသို့ တစောင်းယိုင်ကျပြီး ကျွန်းစားပွဲပေါ်မှ စာအုပ်များ တစ်အုပ်မကျန် လျှောကျကုန်သည်။ခါး၌ လက်နှစ်ဖက်ထောက်၍ ဒယ်ဒီဆီက တောက်ခတ်သံမှာ ကြိမ်ဖန်များစွာ အကြားအာရုံသို့ ၀င်တိုး၏။
ဒေါသကို တော်ရုံတန်ရုံ ထုတ်မပြဖူးသောဒယ်ဒီအနေဖြင့် မေးကြောများတင်းထနေအောင် အံကြီးကြိတ်ထားလျှင်၊စူးစိုက်နေအောင် ကြည့်တတ်သော ဒယ်ဒီ့အကြည့်နှင့် မိနစ်ပိုင်းကြာသည်အထိ ဆုံရလျှင် ဂျွန်ယောင်းမှာ နေစရာပင်မရှိ။

"မင်းကို ဒယ်ဒီ နှိပ်စက်သလား။"

"ဟင့်အင်း"

"အကြောင်းမဲ့ စိတ်မပျော်ရအောင် စည်းကမ်းတင်းကြပ်တာတွေ ရှိသလား"

"ဟင့်အင်း"

"ဒါကိုမှ ဘာလို့ အဲဒီအဖေမပီသတဲ့ ပုဂ္ဂိုလ်ဆီ တန်းတန်းစွဲ သွားချင်နေရသလဲ ဟမ်!မင်းအဖေကို သေအောင်သတ်ခဲ့တဲ့ လူသတ်သမားဆီမှ မင်းက ဘာလို့သွားချင်နေရတာလဲ"

"မွေး...မွေးပေးထားတဲ့ အဖေလေ။ပါပါးက သား..သားရဲ့မွေးအဖေပါ ဒယ်ဒီ။နောက်ပြီး ပါပါးကို သား..သားချစ်တယ်။ပါ..ပါပါးက ဒယ်ဒီထင်သလို ဆိုး..ဆိုးတဲ့သူမဟုတ်ပါဘူး"

"မင်းကွာ"

အထစ်ထစ် အ,အအ အကြောက်ကြောက် အလန့်လန့်ဆိုလာသော သား၏ မျက်၀န်းကလေးများ၌ အားငယ်ရိပ်များ ပြည့်လျှံကျလာသည်ကို တွေ့ရသည့်အခါ ကျွန်တော့်ရင်ဘတ်ထဲက နာသည်။စိတ်လွတ်လက်လွတ် သားရှေ့ ပေါက်ကွဲအော်ဟစ် သောင်းကျန်းပစ်ဖို့ ကျွန်တော့်တွင် ရည်ရွယ်ချက်လည်းမရှိ။သားစိတ်ကလေးနာကျင်ရမည်ကို စိုးထိတ်သဖြင့် ကျွန်တော့်၏ ကိန်း၀ပ်နေခဲ့သော ယခင်စရိုက်ဟောင်းများမှာ နှစ်အတန်ကြာဖိနှိပ်ထားခြင်း ခံခဲ့ရသည်။ယခင်အချိန်ကာလများက အိမ့်အော်ကြောလန်ဖြစ်ခဲ့သော 'လူဆိုးကောင် ပတ်ဂျီမင်း'ဟူသည် သား၏မျက်စိရှေ့မှောက်တွင်တော့ ဘယ်သောအခါမျှ ထုတ်မပြခဲ့ဖူးသည့်အရာ။

" ဆောရီး သား။ဒယ်ဒီ စိတ်မထိန်းနိုင်ဖြစ်ပြန်ပြီ "

"ဒယ်ဒီ တောင်းပန်ဖို့ မလိုပါဘူး။သားအမှားပါ"

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now