126:တစ်ယောက်ကို ယွမ် 400,000 ရတယ်

En başından başla
                                    

"မင်း ဘာမှမလုပ်ပါဘူးလို့မပြောခဲ့ဘူးလားဟမ်?"

နောက်ဆုံးတော့ဟဲကျင့် ဒါကိုမေးလိုက်ရတော့တယ်။သူတကယ်ကြီးကိုအကူညီမဲ့နေသလိုခံစားနေရပါတယ်နော်။သူကအရမ်းမူးနေခဲ့တာမလို့ သူချင်ယွီကိုမငြင်းဆန်နိုင်ကြောင်းသူသိတယ် ဘယ်လိုပဲဖြစ်ဖြစ်ချင်ယွီသာသူ့ကိုမဖြားယောင်းခဲ့ရင် သူတို့ကြားထဲ ဒီဟာကဖြစ်လာစရာအကြောင်းမရှိဘူးလေ ဟုတ်တယ်မလား?

လျှောက်အိပ်ရတာကြိုက်တဲ့ကျောင်းသားတွေနဲ့ယှဉ်ရင်တော့ သူတို့ကိစ္စကအသေးအမွှားပါပဲ။ဒါပေမယ့်ဟဲကျင့်လို ရှေးဆန်တဲ့အတွေးအခေါ်တွေနဲ့ ဘောင်ခတ်ခံထားရတဲ့ လူအတွက်တော့ ဒီကိစ္စကအရမ်းကြီးမားတာပါပဲ

ထိထားနမ်းထားတဲ့နေရာအကုန်လုံးက ချင်ယွီ သူ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်သားလုပ်ခဲ့သလိုမျိုး အခုထိပူနေတုန်းပဲ

သူလက်မခံနိုင်တဲ့ပုံလည်းမဖြစ်ချင်ပါဘူး။သူအခုချင်ယွီနဲ့တွဲနေပြီဆိုပေမယ့်လည်း ဒါကအဓိပ္ပာယ်မရှိနေဘူးလေ ဘယ်လိုအတွဲက သူတို့ပထမဆုံးတွဲတဲ့နေ့မှာ ဟိုတယ်မှာ ဒီလိုတွေလုပ်လို့လဲလို့?ချင်ယွီကခွေးကောင်ပဲ!

"ငါလည်း ဒီတိုင်းမထိန်းနိုင်ခဲ့လိုပါ..."

ချင်ယွီကသူ့ကိုတည့်တည့်စိုက်ကြည့်ကာဖြင့် သူရဲ့ချစ်ဖို့ကောင်းတဲ့အမူအရာနဲ့ဟဲကျင့်ကိုဆွဲဆောင်ခဲ့လေသည်။သူ့ကိုဟဲကျင့်များခွင့်လွှတ်မလားလို့ပေါ့ ဒါပေမယ့်လည်းဟဲကျင့်က သူရောင်းတာကိုမဝယ်ခဲ့ပါချေ။သူကအလွှမ်းမိုးကိုမခံပါဘူးနော်

ဟဲကျင့်ကအေးစက်နေဆဲဆိုတာကိုတွေ့တော့ချင်ယွီသည် ပျော့ညံ့စွာဆိုလာလေသည်။

"ပြီးတော့ မင်းလဲသဘောကျပုံရတာပဲကို...."

ဒါကိုကြားတော့ ဟဲကျင့်ကပိုစိတ်ဆိုးသွားတော့၏။ သူက နောက်ပြန်လှည့်ပြီး ချင်ယွီရဲ့ဒူးကိုကန်လိုက်လေသည်။ ချင်ယွီက ကျယ်ကျယ်လောင်လောင်အော်လိုက်ပေမယ့် ဒီအခွင့်အရေးကိုအသုံးချပြီး ဟဲကျင့်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားကာဖြင့် သူ့မေးစေ့ကို ဟဲကျင့်ပုခုံးပေါ်တင်ထား၍အရူးလေးလိုတောင်းပန်တော့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin