ပြောပြီးထွက်သွားသူအား အောက်နှာခမ်းလေးကိုက်လျက် ကြည့်မိလေသည်။

"  နည်းတောင်နည်းသေး သူ့ကိုယ့်သူဘာမှန်းထင်နေလဲမသိဘူး "

" ဟုတ်ပါ့ဟယ် သူ့ကိုယ်သူအိမ်ကြီးရှင်လိုလို ဘာလိုလိုနဲ့ ငါ့တို့ကျခိုင်းလိုက်တဲ့အလုပ် သူကျ ရေသာခိုပြီး အိမ်​တော်ထိန်းပေးတဲ့  လစာကိုအပြည့်မပေးဘဲ ကြားကနေသူယူနေတာ ငါမပြောရဲလို့ပေါ့ တနေ့ကျ သူ့အကြောင်းတွေပြောပစ်အုန်းမယ် "

" ဟုတ်ပ "

" ဟဲ့.. နင်တို့ တိုးတိုး တိုးတိုးပြောမနေနဲ့ ငါကြားတယ် နင်တို့ကိုပိုခိုင်းတယ်ဆိုတာ နင်တို့အောက်ခြေနိုင်ဖို့ပေါ့ ငါနဲ့ယှဥ်ရအောင် ငါနဲ့နင်တို့နဲ့တူသလား မကျေနပ်ရင်ပြောလေ ဟင်းဟင်း သခင်ကြီးနဲ့သခင်မကြီးကိုပြောလို့ရတယ် အကိုလေးတော့ နင်တို့တိုင်ပြောဖို့နေနေသာသာ ​စကားတစ်ခွန်းပြန်ပြောခဲ့ရင်တောင် ကျေးဇူးတင်အုန်းသိလားး ဟားဟား "

ရီပြီးထွက်သွားသောမနှင်းဆီရဲ့နောက်ကျောပြင်ကိုကြည့်ပြီး မျက်ရည်ဝဲ ပြီးကျန်ခဲ့သူက စုစုနဲ့နှင်းနှင်း အိမ်မှာအဓိက အကူဆိုလို့ အိမ်တော်ထိန်း မနှင်းဆီ စုစုနဲ့နှင်းနှင်းတို့သာ ။ ကျန်တဲ့အကူတွေက အိမ်တော်ဘေးက အဆောင်၌သာနေရခြင်း သန့်ရှင်းရေးလုပ်သည့်နေ့၌သာ အိမ်တော်ကို လာရခြင်းပေ ။အဲ့တော့မနှင်းဆီရဲ့ အနိုင်ကျင့်မှုကို စုစုနဲ့နှင်းနှင်းကပိုခံရစမြဲ။ သူပြောသလို တိုင်ပြောဖို့က သခင်ကြီးနဲ့သခင်မကြီးက မနက်အစောကြီးထွက် ညမိုးချုပ်မှပြန်လာတတ်ပြီးအကိုလေးကတော့ သူတို့မှမဟုတ် အိမ်က မည်သူနဲ့မှ  စကားမပြောပေ။ သခင်ကြီးနဲ့သခင်မကြီးကိုတောင် တစ်ခါတစ်လေမှ ။ အကိုလေးရဲ့အေးစက်တဲ့ ခံစားချက်ကိုလည်းသိသည်မို့အပြစ်မမြင်ရက်ပေ။  အရာအားလုံးအဆင်ပြေသွားမယ့်တစ်နေ့ကို စောင့်ဆိုင်းရုံပါဘဲလေ။

နက်မှောင်သောအခန်းထဲဝယ် ကျယ်ပြန့်သောကုတင် နူးညံ့သော မွေ့ယာထက် အမည်းရောင်စောင်ပါးလေးတစ်ထည်လွှမ်းခြုံပြီးနဖူးပေါ်လက်တင်စဥ်းစားနေသော တစ်ယောက်သောသူ....

Unlimited LoveWhere stories live. Discover now