" ဘယ်မသာလုပ်တာလဲကွ ဟမ် "

ပြောရင်းလှည့်ကြည့်မိတော့ အားပါးပါး နတ်ဆိုးအလား အမဲရောင်အငွေ့တွေနဲ့ရပ်ကြည့်နေတဲ့ သူ့သူငယ်ချင်းကိုတွေ့တော့ နာရင်းအုပ်ခံရတဲ့ အကြောင်းရင်းကိုသိလိုက်လေပြီ ။ကိုယ်ကလည်းကိုယ်ပါပေ သူ့ခလေးနဲ့ပတ်သက်လာရင်မွှန်နေတာသိလျက်နဲ့ စကားပြောကောင်းနေတာ ...

" ဟဲ ဟဲ..."

" ဘာ့မှ လာမဟဲ ပြနဲ့မြေနိုး သွား ဝေးဝေးသွားရပ်နေ "

"လာပါကွာ မင်းကလည်းသိသားနဲ့ကို "

ကိုဖြိုးဆွဲခေါ်ရာနောက်လိုက်သွားသော်လည်းမျက်လုံးက ညမလေးဆီကနေမခွာဘဲစနေလို့ ဖိနပ်ကောက်ချွတ်တော့မှ သကောင့်သားက ပြန်လှည့်သွားလေသည်။တစ်မှုတော့ပြီးပြီ ကျန်သေးသည်က...

အကိုအာကာနဲ့ ပြောနေတုန်း အကိုက နာရင်းဖြတ်အုပ်လိုက်တော့ပန်ပန် ကြောင်သွားလေသည်။ ပြီးတော့ ဖိနပ်ကောက်ချွတ်ပြီးပစ်ဖို့လုပ်နေတဲ့အကိုကြောင့်ဆွဲရမလိုလိုတားရမလိုလို။နောက်တော့သူ့ကိုမျက်မှောက်ကျုံ့ပြီးပြန်လှည့်ကြည့်ပြန်တဲ့အကိုကြောင့်...

" ဟို..ဟို.. ဘာလို့ပန်ပန့်ကိုအဲ့လိုကြည့်နေရတာလဲဟင် "

" ခလေး ကဘာလို့ အဲ့ကောင်နဲ့စကားပြောလဲ ဟမ်!! "

ခုထိစိုက်ကြည့်တုန်းမို့ပန်ပန်လက်ရောခြေရောတုန်နေလေပြီ စစတွေ့တုန်းက ဟောက်သလိုခံစားချက်မျိုး...

ကျွတ် skyရာ ခလေးကမင်းကိုကြောက်ပြန်ပြီ ခလေးကိုအော်စရာလား...

" ခလေး မကြောက်နဲ့ လေ ကိုယ်က ခလေးကိုသဝန်တိုလို့.."

"ဟမ်..သဝန်တိုလို့ ဘာလို့လဲဟင် "

"ဟွန်းး ထားလိုက်တော့ နောက်ခါ ကိုယ်မဟုတ်တဲ့ဘယ်ကောင်နဲ့မှစကားမပြောရဘူးနော် အဲ့ကျအပြစ်ပေးမှာ.."

"ဘာ အပြစ်လဲဟင်.."

" သိချင်ရင် စကားပြောကြည့်ပေါ့ကွာ "

"အကိုကလည်း ခုစကားပြောတာ အကို့သူငယ်ချင်းနဲ့ဘဲဟာ.."

ခ​လေးရဲ့ အထွန့်တက်တဲ့အပြောတွေကြောင့် ခလေးနဲ့တန်းတူဖြစ်သွားအောင် ခါးကိုင်းလိုက်သည်။ ခလေးရဲ့ခေါင်းလေးပေါ်ကို ဖြည်းဖြည်းလေးလက်တင်လိုက်ပြီးတော့ ဖွဖွလေးပုတ်လိုက်ပြီး နူးညံ့မှုအပြည့်နဲ့

"သူငယ်ချင်းလည်းမရဘူး လိမ္မာတယ်ခလေးက နောက်ခါ ဘယ်သူနဲ့မှမပြောရဘူးနော် ကြားလာ ကိုယ်ပြောတာ "

"ဟုတ်.. "

ဟမ် ဟုတ်လို့ငါပြောလိုက်တာလား ဘာလို့လဲ အကိုရဲ့ညို့ငင်တဲ့အပြောကြောင့်သူပါညို့ဝင်သွားတာလား အမှန်ဆို သူ့စိတ်နဲ့သူ သူပြောချင်သလိုပြောမှာပေါ့ ဘာလို့ အကို့ရဲ့ အပြော​တွေကို ကိုယ်ကနာခံချင်သလို ဖြစ်နေရတာလဲ ပြီးတော့ ရင်ဘက်ထဲကခံစားချက်ကြီးကဘယ်လိုကြီးလဲ..

သူတို့အဖြစ်အပျက်အကုန်လုံးကိုမြင်သွားသည်က  သီရိ ။နေ့ခင်းကတော့ သူ့ကိုကျ ဆက်ဆံပုံတစ်မျိုး ဒီခလေးမကိုကျတော့ဆက်ဆံပုံတမျိုး ဘာလဲ ညမလေးလာ မဟုတ်လောက်ပါဘူး ရွှန်းလဲ့ဆီက သူကြားတာက တစ်ဦးတည်းသောသားပါ။မဟုတ်မှ ဝမ်းကွဲလား။

" ရွှန်းလဲ့ "

"ဟင် "

"ဟို.. skyမှာကဝမ်းကွဲ ညမလေးတွေရှိလား "

"မရှိပါဘူးဟ ဇိုင်းယံက တစ်ဦးတည်းသောသား သူ့မိဘတွေလည်း တစ်ဦးတည်းသောသားသမီးတွေဘဲ နှစ်ဖက်လုံးက မြေးဆိုလို့ ဇိုင်းယံတစ်ယောက်ဘဲရှိတာ ဇိုင်းယံမှာ သူ့အဖိုးအဖွားတွေ​ပေးထားတဲ့  ပိုင်ဆိုင်မှုတွေက ခုကတည်းက များနေတာသူ့မိဘ အလုပ်တွေကိုလည်းတနေ့ကျ သူဦးစီးရမှာလေ "

" အော် အေးပါ "

ပိုင်ဆိုင်မှုအများကြီးတဲ့လာ..အစကတော့ချောလို့ ဒီတိုင်းစိတ်ကစားကြည့်တာ ခုကျ skyက တော်တော်ချမ်းသာတဲ့သူပါလား သူမမိဘတွေကို အများ အမြင်မှာ ချမ်းသာပေမဲ့ မိဘနှစ်ပါးလုံးက လောင်းကစားခုံမင်တတ်သူမို့ ပိုင်ဆိုင်မှုတွေကအခွံသာ ကျန်တော့သည် ခုတော့ ဟွန်းဟွန်း တနေ့ကျ သူ့ပိုင်ဆိုင်မှုတွေအကုန် ငါ့အပိုင်ဖြစ်စေရမယ်
ဒါဆို အဲ့ခလေးမလေးက skyနဲ့ဘာ့မတော်ဘူးပေါ့လေ ခလေးမရဲ့ခေါင်းပေါ်လေးကိုလက်တင်ထားပြီး နူးညံ့စွာ ပြုံးရယ်နေသော skyနဲ့ အဲ့ခလေးမလေးကို ကြည့်ပြီး  fake smileနှင့်ကောက်ကျစ်စဥ်းလဲစွာ တွေးနေသော သီရိပါလေ။

တစ်ဖက်တွင်တော့

တစ်ယောက်က ခေါင်းပေါ်လက်တင်ပြီး ရှေ့ကတစ်ယောက်ကို ပြုံးပြုံးလေးစိုက်ကြည့်နေပြီး ရှေ့ကတစ်ယောက်ကတော့ အဲ့အကြည့်ကိုမလွန်ဆန်လို့ ခေါင်းငုံ့ထားပြီး​ခေါင်းပေါ်က လက်မနှစ်ဖက်ကို စိတ်လှုပ်ရှားစွာနဲ့ဟိုဖက်ဒီဖက် ဖြည်းဖြည်းလေးကုတ်နေလေရဲ့။

တစ်အောင့်ကြာ ဘာသာပြောင်း ခေါင်းလောင်းသံနှင့်အတူ အခန်းထဲက ဆရာမတွေရဲ့ ပြန်ဝင်လို့ရပြီဆိုတဲ့အသံကြောင့် အကုန်ပြန်ဝင်ကြပြီဆိုပေမဲ့ သူ့ခလေးနောက်ကျောကိုမမြင်ရသည်အထိ ကြည့်ပြီးမှ ပြန်ဝင်သွားသော ကောင်လေးတစ်ယောက်ကိုတွေ့မြင်ရ​လေသည်။

Unlimited LoveWhere stories live. Discover now