124:တွဲကြရအောင်

Start from the beginning
                                    

ကိုးခန်းမရဲ့ အမူအရာနှင့် လေသံကို မည်သူမျှ ဂရုမစိုက်ဘဲ ရယ်မောကြတော့သည်။

လွင့်မျော တိမ်တိုက်ကစနောက်လာလေသည်။

"အဲ့လိုအမျိုးတူလူတွေကအမြဲတမ်းအတူရှိနေမှာပဲလေ ပြီးတော့ ငါတို့မတူညီတဲ့ အုပ်စုနှစ်စုခွဲထားတယ် ရုန်းကန်မနေပါနဲ့ ကိုးခန်းမ ရာ မင်းလည်းသူတို့ထဲက တစ်ယောက်ဖြစ်နိုင်တာပဲ!"

ကိုးခန်းမသည် ခြေလှမ်းအနည်းငယ်မျှ ဆုတ်သွားပြီးရေသေကို မတော်တဆ တိုက်မိသွားတော့သည်။ရေသေ က သူ့ကို ဆုပ်ကိုင်ထားပြီး

"ကျို့အာ မင်းငါ့ကိုဖက်မလို့လား?" ဟု ညင်သာစွာ မေးလေ၏။

ကိုးခန်းမ: "......"

ပြီးတော့ အဖွဲ့က ရယ်မောလိုက်ပြန်သည်။

အားကျင့် က သူ့အသင်းဖော်တွေက သူနဲ့ မီး အကြောင်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိတာကို မြင်လိုက်ရတဲ့အခါ ပိုပြီးသက်တောင့်သက်သာရှိလာခဲ့သည်။

ညစာစားချိန်၌ လူအနည်းငယ်က တစ်ယောက်ကိုတစ်ယောက် ဂုဏ်ပြုကြပြီး နောက်တွင်တော့ အော့ဖ်လိုင်းဆင်းခဲ့ကြတော့သည်။

ဦးထုပ်ကို ဖြုတ်လိုက်ချိန်တွင်တော့ အပြင်မှာ မှောင်နေပြီပင်။ ဖေဖေါ်ဝါရီလကုန်မှာ နွေဦးရာသီ နီးလာပေမယ့် နေ့ရက်တွေက တိုတောင်းနေဆဲပါပဲ။ ပြီးတော့ အခန်းထဲမှာ အကုန်မှောင်နေတယ်။ဟဲကျင့် သည်ထကာ ထွက်တော့မည်ဖြစ်သော်လည်း ချင်ယွီသည်ထိုအချိန်တွင် အထဲသို့ဝင်လာခဲ့သည်။

ပေါ့ပါးသောအသံနှင့်အတူ သူတို့၏ရုပ်ပုံများပေါ်တွင် တစ်စုံတစ်ခု လင်းလက်နေသည်။

ပထမတုန်းကတော့ ဂိမ်းကိုအနိုင်ရပြီးနောက်ဟဲကျင့်က အော့ဖ်လိုင်းဆင်းပြီးရင် ချင်ယွီကိုပွေ့ဖက်ချင်ခဲ့သော်လည်း အင်တာဗျူးပြီးနောက် သူ့သူငယ်ချင်းတွေစနောက်တာကိုခံရပြီးနောက်တွင်တော့ သူထို့သို့မလုပ်ချင်တော့ပေ။

"ပြန်ကြရအောင်?" သူကတစ်ခုခုကိုရှောင်ချင်နေပုံရကာ အပြင်ကိုကြည့်လျက်ပြောလိုက်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now