ကလေးလေးနှစ်ယောက်တောင် ကြောက်မယ့်လန့်မယ့်အစား ငေးလို့သွား၏။

သခင်ကြီးဝမ်ဆီမှာအညာမိသွားတဲ့သခင်လေးအခြေအနေကိုရိပ်မိသွားတာတစ်ကြောင်း ၊ ကြွက်မနိုင်ကျီမီးရှို့ ဆိုသလို မိမိကိုပဲမဲကာရန်မူနေတဲ့ ကလေးဆန်တဲ့သ‌ခင်လေးပုံစံကြောင့်ရှောင်းကျန့်ရယ်ချင်စိတ်ကိုအတော်ထိန်းယူလိုက်ရသည်။

သူဒီသခင်လေးပါးစပ်နဲ့ရန်တွေ့ခံရတာအကြိမ်ပေါင်းမနည်းတော့ဘူး ၊ဒါပေမယ့် ဒီ‌တစ်ခါလောက်ရယ်စရာကောင်းတာမရှိဘူးရယ်။

"အဟွင်း..ငါပြောတာကကွာ၊လက်မခံဘူးလို့ဆိုလိုခဲ့တာလည်းမဟုတ်လို့..မင်းအဲ့လောက်ဒေါသမထွက်.."

"ဒါဆိုမင်းလက်ခံလိုက်တာပဲမဟုတ်ဘူးလား?! မင်းဘာလို့စကားပြောတာ မရိုးသားရတာလဲ!"

လူလိမ်လူညာလေးရှောင်းကျန့်"......."

*အေးပါ..မင်းကတော့ရိုးသားလွန်းလို့မင်းအဘိုးလိမ်တာခံလိုက်ရတယ်မလား?*

ဒါကိုတော့သူသေချာပေါက်ထုတ်မပြော‌ရဲပါဘူးလေ။သူထပ်ပြီးအမှုတွေမတိုးချင်တော့ပါဘူး။

အခုလောလောဆယ် သခင်လေးနဲ့ဘယ်လိုဖြေရှင်းမလဲသာအရေးကြီးတော့သည်။

"ဝမ်ရိပေါ်.. မင်းတကယ်အဘိုးသဘောအတိုင်းလက်ခံဖို့တွေးခဲ့တာလား?"

"......"
*အဘိုးကြောင့်အရှက်ရလွန်းလို့ပါးစပ်ကတောင်ထုတ်မပြောချင်တော့ဘူး*

ဒါပေမယ့်ရှောင်းကျန့်ကတစ်ဖက်လူရဲ့အမူအယာကိုနားလည်ပါသည်။

"ဘာလို့လဲ? ကလေးတွေကြောင့်ချည်းပဲလား?"

"မဟုတ်ရင်ဘာဖြစ်ရအုံးမှာလဲ?ငါမင်းနဲ့အဆင်မပြေရင်တောင် ငါကလေးတွေနဲ့နေချင်တုန်းပဲလေ၊ မင်းကတော့ ငါ့ကိုဒီတိုင်းဆို သူတို့နဲ့ပေးနေခွင့်မပြုဘူးဆိုတာ ငါသိသားပဲ"

ဒေါသဖြစ်သည့်နှယ်နှာတစ်ချက်မှုကာ သူ မတရားခံရပုံဖော်ပြနေသည်။

ရှောင်းကျန့်ကတော့အစမ်းသဘောသာမေးလိုက်တာရယ်။
ဒါပေမယ့်တစ်ဖက်လူကဒီအိမ်ထောင်ရေးကိုသူ့ကလေးတွေနဲ့အတူနေရဖို့အတွက် သူနဲ့လက်ထပ်လိုက်မယ်တဲ့လား။ သခင်လေးရဲ့ပုံမှန်မဟုတ်သောအတွေးအခေါ်များကဩချစရာပင်။

BEING A VAMPIRE's FAMILY OF THE ROYAL CLANWhere stories live. Discover now