123:အားကျင့်ကယောင်္ကျားလေးပါ

Начните с самого начала
                                    

တကယ်တမ်း ဂိမ်းဝါသနာရှင်တစ်ယောက်အတွက် မဲပေးဖို့ 10 ယွမ် သုံးဖို့ဆိုတာ တကယ်ကို ဘာမှမပြောပလောက်ပေ။ တစ်ယောက်ယောက်က စိတ်လှုပ်ရှားပြီး လုံလောက်အောင်ချမ်းသာနေခဲ့ရင်  တစ်ထောင်ကျော်လောက် သုံးလိုက်မှာကပုံမှန်ပါပဲ။ ဟုန်တုန်ယွမ် ပင်လျှင် 3  မဲအတွက် ယွမ် 30 သုံးစွဲခဲ့သေး၏။ ဘာပဲဖြစ်ဖြစ် အဲဒါက အဓိကအချက်မဟုတ်ဘူး။ လူများလာသောအခါ မဲအရေအတွက် တိုးလာသဖြင့် ငွေပိုရလာမှာပဲလေ!

ပြီးတော့ ဒါက တရုတ်ပြည်လေ လူတိုင်းက မင်းကို ဒင်္ဂါးပြားပေးရင် မင်း ဘီလီယံနာ ဖြစ်လာလိမ့်မယ်!

အဲဒါကို တွေးကြည့်တဲ့အခါမှာတော့ "Demon God" ရဲ့ တရားဝင်အဖွဲ့အစည်းက တကယ်ကို ဆိုးရွားလွန်းပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို မပိတ်သေးဘဲ host က ဆက်လက်၍ ပြောလာခဲ့သည်။

"ပရိသတ်တွေခင်မျာ ထွက်ဖို့အလျင်မလိုကြပါနဲ့ဉီးနော် နောက်တဆင့်အနေနဲ့ ကျွန်တော်တို့ အနိုင်ရသွားတဲ့ အသင်းနဲ့ live interview ရှိဉီးမှာပါ သူတို့ဘာတွေပြောမလဲဆိုတာကြည့်လိုက်ကြရအောင်!"

ဂိမ်းပြီးဆုံးချိန်တွင်တော့ ဟာဂင်ဒတ်စ်အသင်းကို ထောက်ခံသူများဖြစ်သည့် ကြည့်ရှုသူအနည်းငယ်သည် အလွန်စိတ်ပျက်သွားသဖြင့် web page ကို ချက်ချင်းပိတ်လိုက်ကြတော့သည်။ သို့သော် သူတို့အားလုံးနီးပါးသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ screen ကိုကြည့်နေကြဆဲဖြစ်သည်။အတင်းဖျင်းတွေနဲ့ ပြည့်နှက်နေတဲ့ မီး စုံတွဲရဲ့ အင်တာဗျူးကိုမျှော်လင့်စောင့်စားနေလျက်ပေါ့!

လွမ်းမောဖွယ်ချစ်ခြင်းအသင်းက အသင်းဝင်များသည် စောင့်ဆိုင်းဧရိယာသို့ပြန်ရောက်လာစဉ်တွင် သူတို့သွားလို့မရသေးကြောင်းပြောလာခဲ့လေသည်။ထို့နောက်တွင်တော့ သူတို့အားလုံး interview အခန်းထဲသို့ပို့ဆောင်ခံလိုက်ရတော့သည်။သူတို့ကို ပွဲစခင်က ကြွေးကြော်ခိုင်းခဲ့သော host ကသူတို့ကိုစိတ်လှုပ်ရှားစွာဖြင့် နှူတ်ဆက်လာသည်။

ဟဲကျင့်ကတကယ်ကို အာရုံမရတော့ပေ။ထို့နောက်တွင် မီးကသူ့လက်ကိုဆုတ်ကိုင်လာကာမှသာ အစစ်မှန်အဖြစ်ခံစားခဲ့ရသည်။သူတို့ တကယ်ကြီးနိုင်သွားတာလား? "Demon God" ရဲ့ နောက်ဆုံးပွဲကိုလေ?

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Место, где живут истории. Откройте их для себя