"အိုး ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့ ကလေးလဲ"

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ကျရောဂါကို ခံစားနေရတာလဲ"

အဖိုးကြီးချင်ကမူ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရင်း ခေါင်းကိုခါကာ သက်ပြင်းချနေသည်။

"ရှောင်ကျောင်း အေးလား"

"ဒီနေ့ တိရိစ္ဆာန်ရုံကို ခေါ်သွားပြီး တိရိစ္ဆာန်လေးကို ကြည့်ခိုင်းမယ်နော်။ သားလေး တီဗွီက တိရိစ္ဆာန်တွေကို ကြည့်ရတာ သဘောကျတယ် မဟုတ်လား"

"အဖိုးက ဒီနေ့ သားကို တိရိစ္ဆာန်လေးကို ကြည့်ခိုင်းမယ်။ နောက်ပြီး အရသာရှိတဲ့ အစားအစာတွေကိုလည်း ခေါ်ကျွေးဦးမယ်။ အဆင်ပြေလား"

လောင်လီက သူ၏ အင်အားအများကြီး စိုက်ထုတ်ပြီး စက်ဘီးကို နင်းနေရသည်။ သူ၏နဖူးတွင် ချွေးများ စိုရွှဲလာသည်။ လမ်းတောက်လျှောက်တွင် လောင်လီက သူ၏မြေးကို ဆက်တိုင်စကားပြောနေသည်။ သို့သော် ထိုကလေးကမူ ခေါင်းသာ ငုံံ့နေပြီး မည်သည့်စကားမှ ဆိုမလာချေ။

သူ၏ သားနှင့်ချွေးမက ကားတိုက်မှုတွင် သေဆုံးသွားချိန်ကတည်းက သူဟာ မြေးဖြစ်သူနှင့်သာ နှစ်ယောက်တည်း နေလာခဲ့ခြင်း ဖြစ်သည်။ သူက နေ့တိုင်းလိုလို ထောက်ပံ့ကြေး ရရှိသည့်တိုင်အောင် ...

မိဘများ၏ သေဆုံးမှုက ထိုကလေးအပေါ် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်သွားစေခဲ့သောကြောင့် ဖြစ်လောက်သည်။ ရှောင်ကျောင်းက အသက်လေးနှစ်အရွယ်ကတည်းက အလွန်ပင် ပြင်းထန်သည့် စိတ်မကျန်းမာမှု ဝေဒနာကို ခံစားနေရသည်။ ထိုအရာက စိတ်ကျရောဂါ ဖြစ်သည်။

ဆေးစရိတ်က အလွန်ဈေးကြီးလွန်းသည်။ ထိုအရာက လောင်လီအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံသာ မကသေးလေပဲ သူဟာ ကလေးကို တောက်လျောက် စောင့်ကြည့်ပေးနေရသေးလေသည်။ စိတ်ကျရောဂါ ခံစားနေရသော ကလေးများက ပုံမှန်အတိုင်း ကျောင်းသို့ မသွားနိုင်ချေ။ အိမ်တွင်သာ နေတိုင်းလိုလို‌ နေနေသည်။

ပို၍ဆိုးသည်မှာ ထိုကလေးက စကားလည်း မပြောချေ။ ထို့ကြောင့် လောင်လီက ပို၍ စိတ်ဓာတ်ကျရသည်။ သူမမြင်နိုင်ချိန် ထိုကလေးက ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်လိုက်မည့် အခြေအနေကို အလွန့်အလွန် စိုးရိမ်နေရသည်။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Dove le storie prendono vita. Scoprilo ora