ရွှီဆွေမှာ ဆိတ်ဆိတ်ငြိမ်မနေနိုင်တော့သည်အထိ ခြုံစောင်ကိုလှန် ၊ အိပ်ရာပေါ်မှခုန်ဆင်းပြီး အဝတ်အစားများကို အလောတလျင်ရှာရင်း
"ဒါဆို ငါတို့မြန်မြန်သွားရအောင်"
မွှေနှောက်ရှာပြီး ဆွယ်တာအင်္ကျီကိုပင် ကပြောင်းကပြန်ဝတ်နေသည့်အမျိုးသမီးလေးအား ကျိုးကျင်းဇယ်က ဆွဲခေါ်ကာ နှစ်ယောက်သား အကြည့်ချင်းဆုံစေလိုက်သည်။
"ကိုယ် မင်းကို အရင်အသိပေးစရာတစ်ခုရှိတယ် ၊ တကယ်တော့ ရှီးရှီးမှာ မွေးရာပါနှလုံးရောဂါရှိတယ် အသက်ငါးနှစ်ကတည်းကသိထားပြီးတဲ့ရောဂါ ၊ အခုတလောမှာမှ....အခြေအနေက အဆိုးဘက်ကိုသွားနေတာ"
ရွှီဆွေ နေရာ၌သာ တောင့်တောင့်ကြီးရပ်နေမိပြီး စကားတစ်ခွန်းမပြောနိုင်ပါတော့ချေ။ အင်္ကျီကြယ်သီးတပ်သည်မှစ အနွေးထည်ဝတ်၍ မာဖလာပတ်သည်အဆုံး ကျိုးကျင်းဇယ်ကသာ လုပ်ပေးခဲ့ပြီး အိမ်ပြင်ထွက်၍ကားပေါ်သို့ရောက်သည်အထိ သစ်သားရုပ်တစ်ရုပ်လို အသက်မဲ့နေခဲ့တော့သည်။
'ပူရမ်' ဆေးရုံကြီးသို့ ရောက်သည့်အခါ ကျိုးကျင်းဇယ်ရော ရွှီဆွေပါ အရေးပေါ်ကုသဆောင်ဆီသို့ပြေးလာခဲ့ကြသည်။ ရောက်လျှင်ရောက်ချင်းတွင် နံရံကိုမှီရပ်ကာ ခေါင်းအသာအယာပင့်ရင်း မျက်လုံးများမှိတ်ထားသည့်ရှန့်နန်းကျိုးကို တွေ့လိုက်ရသည်။ ဆေးရုံကြီး၏ဖြူစွတ်စွတ်မီးရောင်တို့ဟာ ထိုလူ၏တိတ်ဆိတ်အေးစက်နေမှုများကို ပံ့ပိုးပေးထားသလား။
ဖြူစွတ်စွတ်အေးစိမ့်စိမ့်မီးရောင်တို့က သူ့မျက်နှာတစ်ခြမ်းပေါ်ကျရောက်နေပြီး တစ်ခြမ်းမှာ အမှောင်ရိပ်ဖုံးနေသည့်မြင်ကွင်း ၊ သည်လူ၏ခန္ဓာကိုယ်တစ်ခုလုံးဟာ သူ့အနောက်ဘက်မှခဲနုနုနံရံကြီးထဲ လုံးလုံးလျားလျားမြှုပ်ဝင်သွားတော့မည့်အတိုင်းပေ။
ကျိုးကျင်းဇယ် အနားသို့လျှောက်သွားခဲ့၍
"အခု အခြေအနေဘယ်လိုလဲ"
ရှန့်နန်းကျိုး မျက်လုံးပွင့်လာပြီး သူတို့သုံးဦးစလုံး ခွဲစိတ်ခန်းရှိရာဘက်သို့ တပြိုင်နက်တည်းလှမ်းကြည့်လိုက်ကြသည်။ အနီရောင်မီးလုံးတစ်လုံးက အရေးပေါ်အသက်ကယ်နေရကြောင်း သက်သေညွှန်ပြလျက်သား။ လည်ချောင်းဝထဲမှ စကားတစ်လုံးပြောထွက်ဖို့ရာအတွက်ပင် ရှန့်နန်းကျိုး ခက်ခက်ခဲခဲကြိုးစားနေရပြီးမှ ;
YOU ARE READING
ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]
Romance--ကောင်းကင်ပြင်ကြီး ခြားနားထားမှန်း သိနေတာတောင် ချစ်ခြင်းမေတ္တာတွေကို နေ့တိုင်း စာအိတ်လေးထဲ ထည့်ထားတုန်းပါပဲ--
Chapter 87
Start from the beginning