အားခုန်း၊ ရှောင်ကျင်းနှင့် အခြားသောလူများက တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြပြီး ဆိုလိုရာကို နားလည်သွားသလို ပြုမူကြသည်။ အင်္ကျီအိတ်ကပ်ထဲတွင် ပုန်းနေသော ယင်ညန်ကမူ အိတ်ကပ်လေးကိုသာ ပွတ်နေသည်။ ကျန်းကျိရင်က အိတ်ကပ်ထဲကတစ်ဆင့် သူ၏ ခေါင်းလေးကို အသာ လှမ်းတို့လိုက်သည်။

"လိမ်လိမ်မာမာနေ"

တစ်ဖွဲ့လုံးက ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်ကြတော့ချေ။

"ခေါင်းဆောင်က ဒီကြောင်လေးအပေါ် အရမ်းကောင်းတာပဲ"

"ကြောင်တစ်ကောင်အတွက် ဒီလိုကပ်ပြီး သစ္စာရှိ နာခံတတ်ပြီး အင်အားကြီးဖို့က တအားရှားတယ်"

ကျန်းကျိရင်က အများထင်မြင်ချက်များကိုသာ လက်ခံနေရလေပြီး ယင်ညန်ကို အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်ရသည်။ ထို့နောက် အမွှေးများကို ပွတ်သပ်ပေးကာ ပြောသည်။

"လိမ္မာတယ်"

ယင်ညန်က ပျော်ရွှင်စွာဖြင့် ကျန်းကျိရင်၏ လက်ကောက်ဝတ်ကို သူ၏ ခေါင်းလေးဖြင့် ပွတ်ပြီး လူတိုင်းထံမှ ချီးကျူးမှုများကို လက်ခံသည်။

ကျူးကျော်သူများ၏ ခြုံခိုတိုက်ခိုက်ခံခဲ့ရသည့် နံပါတ်၃ကို ဌာနချုပ်မှ ကုသသူများက စစ်ဆေးနေသည်။ သူ၏ ခန္ဓာကိုယ်က မည်သည့်နေရာကမှ မှားယွင်းခြင်းမရှိကြောင်း ပြသလာခဲ့ပြီး ဒီအတိုင်း အသေးစားဒဏ်ရာများသာ ရှိလေသည်။ သို့သော် သူက ရှူထုတ်လိုက်သည့် အငွေ့တစ်မျိုးက လူတစ်ယောက်ကို အားနည်းပြီး စိတ်မိန်းမောသွားစေနိုင်လေသည်။ ထိုတစ်ခဏတွင် နံပါတ်၃က အသိပြန်ဝင်နေပြီဖြစ်သည်။

ကျန်းကျိရင်က စီမံမှုများ ပြုလုပ်ပြီးနောက် သာ့တောင့်ကို ပြောကာ လူအများကို စုစည်းလျက် တိုက်ပွဲပြီးနောက် ကိစ္စများကို ဆက်လက် ကိုင်တွယ်ခိုင်းလိုက်သည်။ သူကမူ ရှောင်ကျင်း၊ အားခုန် ၊ လူအိုကြီးကျူးနှင့် အားမူတို့ကို ဌာနချုပ်၏ ဆေးရုံသို့ ခေါ်သွားလိုက်ပြီး နံပါတ်၃ဆီ သွားလည်သည်။ သူတို့ အားလုံးက ပိုင်ရန်ဌာန နံပါတ်၇တွင် အတွေ့ကြုံရခဲ့ဖူးသည့် လူဟောင်းများ ဖြစ်ကြသည့်အတွက် သဲလွန်စများကို ပိုရှာနိုင်ကြသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now