တောရိုင်းပန်းတို့မညိုးစေချင် (20)

615 39 8
                                    

                                  (33)

 အမျိုးသမီးနှစ်ဦး ရဲ့ ကော်ဖီ ခွက်တွေက စားပွဲ ခုံပေါ်မှာ နေသားတကျ ငြိမ်သက်နေသည်။

ဒေါ်ယုယဟန် နှင့်ဒေါ်ရတီလှိုင်း...

" ပညာရေး၀န်ကြီး ဖြစ်ရင် တို့ကို မမေ့ရဘူးနော် ဒေါ်ရတီလှိုင်း။"

ထိုစကားကိုကြားတော့ဒေါ်ရတီလှိုင်းက အားရစွာရယ်လိုက်ပြီး

"  96 ထဲက သူငယ်ချင်းတွေ ကိုဘယ်မေ့နိုင်ပါ့မလဲ၊ နာမည် အရင်းခေါ်တာ သူစိမ်းဆန်လိုက်တာ။"

" ယူက တို့ကိုမေ့သွားမှာစိုးလို့ပါ။"

" ဒီမယ် အပျိုကြီး... ကျွန်မတို့ သူငယ်ချင်းဖြစ်တာ ဘယ်လောက်ကြာပြီလဲ ရှင်နော်။"

ဒေါ်ရတီလှိုင်း ရဲ့စကားကြောင့် ဒေါ်ယုယဟန် က ရီမောလိုက်ပြီး သောက်လက်စ ကော်ဖီ ခွက်လေးကို စာပွဲပေါ်တင်လိုက်သည်။

" ဟုတ်သား၊ ယူ့သမီးလေးရော အဆင်ပြေရဲ့လား။"

"ပြေပါ့ရှင်၊ သူ့အဖေရဲ့ ခြေရာ တစ်ထပ်ထဲဘဲ။ စိုးရိမ်တာက သမီး​အကြောင်းမီဒီယာတွေမှာ ပျံ့သွားရင် ..."

"အို ... သမီးက ကောင်းတာလုပ်တာဘဲဟာ၊ ယူ၀င်ပြိုင်မယ်ဆိုတာရော သမီးသိရဲ့လား။"

" သမီးကိုတော့မပြောရသေးပါဘူး၊ တို့ ပညာရေး၀န်ကြီးဖြစ်ဖို့ ဆိုပြီး သမီး ကိုချနင်းတယ် ဆိုတဲ့လူတွေရဲ့ပါးစပ်ကိုကြောက်တာ၊ ဘာမှမသိရှာတဲ့ သမီး ကို စိတ်အနာတရမဖြစ်စေချင်ဘူး။"

" မပူပါနဲ့ရှင်၊ အဲ့သတင်းတွေတတ်လာရင် တို့ ကူရှင်းပေးမှာပါ။"

" ရှင့်ကိုဘဲအားကိုးရမယ် သူငယ်ချင်းရယ်။"

"အခုလက်ရှိ၀န်ကြီး နေရာကိုဘဲအာရုံစိုက်...နော်။"

ဒေါ်ယုယဟန်ရဲ့ စကားကြောင့် ဒေါ်ရတီလှိုင်းလဲ သက်ပျင်းသဲ့သဲ့ ချနိုင်လိုက်ရသည်။

" ပြီးတော့၊ အခုတလော ယူ ကြာညိုနွယ်ရဲ့ မိဘတွေဆီသွားတာ လျှော့ရမယ် နော်။"

"အယ် ဘယ်လိုသိ..."

"ကျွန်မ ယူ့သူငယ်ချင်းပါ၊အခုထိ ရှင် မမေ့နိုင်သေးဘူးမလား၊ ပြီးတော့ အိမ်ရှေ့ခန်းက မိသားစုဓာတ်ပုံနေရာမှာ ရှင်မရှိချင်တဲ့သူ ရှိနေတာကို မကြိုက်ဘူးမလား။"

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now