တောရိုင်းပန်းတို့မညိုးစေချင်(2)

583 23 0
                                    

                                 (3)      
                             
" မောင်... "

" မမ နိုးပြီလား။"

"အွန်း..."

" မမ ကြိုက်တဲ့ ပါစတာ ချက်ထားတယ်။"

"မမရေချိုးလိုက်အုံးမယ် မောင်။"

"ဟုတ်ပါပြီဗျာ။"

မမရေချိုး ပြီးချိန် အဆင်သင့်စားလို့ရအောင် လိုအပ်တာ ဆက်ပြင်ဆင်ပေးပြီး မမ ကိုထိုင်စောင့်နေလိုက်သည်။

ရေချိုးခန်းထဲမှာတော့ ကိုယ့်ကိုကိုယ်မှန်ထဲ ပြန်ကြည့်ရင်း အဆင်ပြေမှာပါဆိုတဲ့စကားကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေတဲ့ တယောငယ် တစ်ယောက်
အဆင်မပြေရင်ရောဆိုတဲ့အသိတွေကိုထွေးပိုက်ရင်း မောင့်ကိုလည်းအားနာနေမိသည်။တဖက်ကဖေဖေ့ရဲ့ရည်မှန်းချက်တွေကိုလည်း အကောင်ထည်မဖြစ်ဖြစ်အောင်ဖော်ရမယ်ဆိုတဲ့အသိနဲ့ မွန်းကြပ်နေတဲ့စိတ်ကို ရေအေးတွေနဲ့ ဖုံးလွှမ်းရင်း

"မောင် dryer ဘယ်နားထားလဲဟင်။"

"မမ အပေါ်က အထပ်မှာရှိတယ်။ လာ မောင်ဘဲသုတ်ပေးပါ့မယ်။"

မမကို ဆိုဖာပေါ်ဆွဲခေါ်လာရင်း လက်ထဲက တပတ်ကိုလှမ်းယူကာ မမကိုဆိုဖာ ပေါ်မှာထိုင်ခိုင်းလိုက်သည်။

"မမ နဲ့မောင်ယူပြီးရင် မမဆံပင်တွေကိုမောင်ဘဲသုတ်ပေးမယ်။မမအတွက်မနက်စာကိုမောင်ဘဲလုပ်ပေးမယ်။"
မောင်ပြောတဲ့စကားကြောင့်တယောငယ် ရဲ့ စိုးရိမ်မှုတွေက ပို၍တိုးလာသည်။
မောင်က သူမအပေါ်အရမ်းအားကိုးအားထားသည်။ မျှော်လင့်ချက်တော်တော်ထားသည်။မောင့်ကိုသနားမိသည်၊ တဖက်ကဖေဖေ့ရဲ့မျှော်လင့်ချက်တွေကိုလည်း မစွန့်လွှတ်ချင်။

" မောင်။"
"ပြောလေ၊ မောင်နားထောင်နေတယ်။"
"မမပြောစရာရှိတယ်၊ ဒီမှာ ခဏလာထိုင်။"
"မမ ခေါင်းမခြောက်သေးဘူးလေ။"
" ရပါတယ် ဒီမှာခဏလောက်လာထိုင်။"
မမ မျက်နှာပေါ်မှာ တည်ကြည်တဲ့အရိပ်အရောင်တွေတွေ့တာကြောင့် မောင်လည်း ဆက်မပြောတော့ဘဲ မမဘေးက ဆိုဖာခုံမှာ၀င်ထိုင်လိုက်သည်။

"မမ  ဧရာ၀တီတိုင်းကိုသွားရမယ် မောင်။"
"ဟင်"
"မမဒီမှာဘဲအလုပ်၀င်မှာမဟုတ်ဘူးလား။"
မောင့်နှလုံးခုန်သံတွေဟာ ပုံမှန်ထက်ပို၍မြန်ဆန်လာခဲ့သည်။မမဘယ်လိုအဓိပ္ပာယ်နဲ့ပြောနေတာလဲဆိုသည့် အတွေးတွေနဲ့
"မမ တောင်းပန်ပါတယ်။"

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now