တောရိုင်းပန်းတို့မညိုးစေချင် (19)

532 40 5
                                    

                                (32)

 ခန္ဓာကိုယ်က အပူငွေ့ ရှိိိန်းရှိန်းနဲ့ အာခေါင်တွေခြောက်ကာ နိုးလာရသည်။​ကိုက်ခဲနေနဲ့ဒဏ်နဲ့ ခြေထောက်ကို ကြည့်တော့ ပတ်တီးနဲ့ မမလုပ်ပေးထားတာဘဲဖြစ်လိမ့်မည်။ ရေသောက်ချင်လာ၍ ခြေထောက်ကို အာပြုကာ ထော့နဲ့ထော့နဲ့ ထောက်ရင်း အိမ်နောက်ဖေး ကို ရောက်လာတော့...

" အယ် နိုးပြီလား ထက်၊ မမ ကိုလှမ်းခေါ်လိုက်တာမဟုတ်ဘူး။"

နားကြားမှားတာလား ... မမက သူ့ကိုယ်သူ မမလို့ သုံးကာ ပြောနေလေသည်။

" ကျောင်းမသွားဘူးလား။ "

" ဟင့်အင်း ဒီနေ့နားတယ်။"

မမစကားကို ခေါင်းငြိမ့် ကာ သောက်ရေအိုးထဲက ရေ ကိုတ၀ကြီးသောက်လိုက်သည်။

နောက်လှည့်တော့ မမက သူ့နှဖူးကို အသာအယာလာစမ်းရင်း...

" အဖျားရှိသေးတာဘဲ၊ ဒီနေ့တော့ ထမင်းမစားသေးနဲ့အုံးနော်၊ မမဆန်ပြုတ်လုပ်ပေးမယ်။"

" ဟုတ် ...ဟို ဟန်လေးတို့ရော။"

"ဟန်လေး လယ်ထဲ သွားတယ်၊ မမနွေးက အိမ်ပြန်တယ်လေ၊ သူ့ရဲ့ မောင်လေး ဆိုလား ရောက်လာလို့"

"အော်...ကိုယ် မျက်နှာ သစ်လိုက်အုံးမယ်။"

"ရလား အောက်ဆင်းနိုင်လား ၊ မမကူပေးမယ်လေ။"

"ရတယ် ...ကိုယ်နိုင်တယ်။"

ထူးထူးဆန်းဆန်း ချိုသာ နေတဲ့ မမကို ကြည့်ရင်း ထက် ကြက်သီးထမိသည်။ 

"ထက်ရေ... မပြီးသေးဘူးလား၊ အအေးပတ်နေမယ်။"

"ဟုတ်...ဟုတ် ပြီးပြီ။"

အိမ်ပေါ်တတ်လာတော့ သူမမတွေ့ချင်တဲ့ မျက်နှာ ကိုတွေ့လိုက်ရတာကြောင့် စိတ်ညစ်သွာသည်။

" ကိုထက်ပိုင် ဘာကိစ္စရှိလို့လဲ။"
ကိုပိုင်လို့ခေါ်နေကျ မမက ဒီနေ့မှ အခေါ်အဝေါ်တွေပြောင်းနေလေသည်။

" ဒေါက်တာ့ဆီကိုဘဲ သီးသန့်လာခဲ့တာပါဗျာ..."​

ပြုံးကာပြောရင်း ထက်ကိုငဲ့ စောင်းကြည့်လိုက်ကာ

တောရိုင်းပန်းတို့မညိုးစေချင်။Where stories live. Discover now