121:သိပ္ပံနည်းကိုမကျနေဘူး

Start from the beginning
                                    

ခွေးနတ်ဆိုးကဒေါသထွက်လွန်းလို့အော်ဟစ်လာတော့သည်။

"ငါ-ိုး! ငါက ဝံပုလွေ ခွေးမဟုတ်ဘူးကွ!"

မီးက အတည်ပေါက်ကြီးပြောလာသည်။

"အဲ့ဒါက အတူတူပဲမဟုတ်ဘူးလား?"

ခွေးနတ်ဆိုး: "..."

comment box—

"ခွေးနတ်ဆိုးအတွက် ငါခံစားသွားရပြီ ဟားဟား... ဘယ်လိုတောင်ဉာဏ်ကောင်းတဲ့ကောင်လဲ!"

"မီးက စိတ်တိုအောင်ဆွတဲ့နေရာမှာထိပ်တန်းပဲနော်..."

"ခွေးနတ်ဆိုးကို မီးကစိတ်တိုအောင်ဆွတာကိုများထည်ပြောနေသေးတာလား?သူက သူ့မိန်းမကိုတောင် အနိုင်ကျင့်ခဲ့တဲ့ကောင်ကွ!"

ဟာဂင်ဒတ်စ် က အေးစက်စွာပြောလာသည်

"မီး တစ်ကိုယ်တော် pk တုန်းကမင်းငါ့ကို သွေး 10%လေးနဲ့ပဲ အနိုင်ရခဲ့တာ အခုငါနဲ့ ပန်းယီယီ နှစ်ယောက်လုံးကိုရင်ဆိုင်ရမှာ မင်း နည်းနည်း မာနကြီးလွန်းနေပြီမထင်ဘူးလား?"

"လုံးဝပဲ မင်းမြင်လိမ့်မယ်!"

ထို့နောက် သူသည် သူ၏ဓားကိုထုတ်ကာဖြင့် ကောင်းကင်တိုက်ပွဲမှာ သုံးခဲ့တာနဲ့တူတဲ့အကွက်  ငရဲမီး ထုတ်လွှတ်လိုက်တော့သည်။ ဒီအကွက်နဲ့ အားကျင့်ကို အနောက်ကနေတိုက်ခိုက်ခဲ့တဲ့ ပန်းယီယီကိုပညာပေးခဲ့တာပဲလေ

တစ်ဖက်တွင်တော့အားကျင့်သည် သွေး62%ဖြင့် ဖာရက်ပုံပြောင်းလိုက်ကာ သွေး 9%ရှိသောဖက်ထုပ်လေးနဲ့အတူ 77%ရှိတဲ့ခွေးနတ်ဆိုးကိုရင်ဆိုင်ခဲ့လေသည်။

ခွေးနတ်ဆိုးကတွေးလိုက််မိ၏။သူတို့နှစ်ယောက် ပေါင်းတိုက်တော့၍ဘာဖြစ်လဲ? နှစ်ယောက်ပေါင်းရင်တောင် သွေးကငါ့ကိုတောင်မမှီပဲနဲ့လေ!

သူ သူတို့ကိုမလှောင်ပြောင်ပဲမနေနိုင်တော့ဘူး

"ဖာရက်လေး မင်း Fairy Pet ပြိုင်ပွဲတုန်းကထွက်ပြေးတာကိုပျော်နေတာဆိုတော့အခုလည်းအဲ့လိုပဲလုပ်ဉီးမှာလား?"

အားကျင့်: "..." (=____=)

မိဘများသည် သားသမီးများနှင့် သဘာဝအလျောက် ဆက်သွယ်မှုရှိလေသည်။ အားကျင့် အပေါ် ခွေးနတ်ဆိုး ၏ စော်ကားသော သဘောထားသည် ဖက်ထုပ်လေးအတွက်လည်းစော်ကားသလိုပင်။ ဉာဏ်ရည်ထက်မြက်တဲ့ devil baby က ချက်ချင်းဆိုသလိုပဲသူ့ရဲ့ မီး တိုက်ခိုက်ရေးစွမ်းအားကို လွှတ်ထုတ်လိုက်ရာ ခွေးနတ်ဆိုးရဲ့ သွေး 3%တန်းလျော့သွားတော့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now