120:အပြင်းအထန်

Start from the beginning
                                    

သူ့မူလပုံစံသို့ မပြောင်းရသေးသော အားကျင့် သည် အကျပ်ရိုက်နေလေသည်။ အကယ်၍ သူဖာရက်အဖြစ်ပြောင်းလိုက်ပါက shadow စကေးကိုသုံးပြီးထွက်ပြေးလို့ရမှာမဟုတ်တော့ဘူး ဒါပေမယ့် သူမပြောင်းရင်လည်း မကြာခင်သေတော့မှာပဲ!

ဤမျှသေးငယ်သောနေရာတစ်ခုတွင်တော့ အားကျင့်ရှောင်ရန်နေရာသည် အလွန်အကန့်အသတ်ရှိပြီး သူ၏သွေးပမာဏက သိသိသာသာပဲကျဆင်းသွားတော့တယ်!

သူနဲ့ဖက်ထုပ်လေးရန်သူရဲ့အသတ်ခံရမှာကိုတွေ့ပြီး ကွင်း channel မှာ မီးဆီသို့ SOS မက်ဆေ့်ချ်ပို့ဖို့တွေးနေတုန်းမှာပဲ မီးက သူ့ရှေ့တွင်ပေါ်လာခဲ့သည်။

"ငါလာပြီ"

ကြည့်ရတာသူတို့တွေက နှလုံးသားချင်း ဆက်စပ် နေပုံရပါ၏..

ဟဲကျင့်ရဲ့ သွေးတွေမြန်မြန်ပဲကျဆင်းသွားတာကိုကြည့်ပြီးတော့ချင်ယွီက သူအတိုက်ခိုက်ခံနေရတယ်ဆိုတာကို သတိထားမိသွားလေရဲ့!

ဒါပေမယ့် အားကျင့်အတိုက်ခိုက်ခံနေရတဲ့ချိန်တုန်းက ချောက်ကမ်းပါးပေါ်က မီးသည်လည်း မအား
လပ်ခဲ့ကြောင်း ပရိတ်သတ်တွေကတွေ့ခဲ့ရလေသည်။ဘာလို့ဆို ဟာဂင်ဒတ်စ်ရဲ့ လူတွေဖြစ်တဲ့ ပန်းယီယီ,ငါကနတ်ဘုရားအားလင်နဲ့ သူရဲ့ spirit pet ကျိန်စာရဲ့ အဝိုင်းခံထားရလို့ပဲ!

မီးကသူတိုဆီကမလွတ်မြောက်နိုင်ခဲ့ဘဲ အားကျင့် ဆီ ချက်ချင်းပျံသန်းမသွားနိုင်ချေ။

ငါ့ရဲ့ဧကရာဇ် အသင်းနဲ့ တိုက်ခိုက်တုန်းက အခြေအနေကို လွှမ်းမိုးထားတဲ့ စုံတွဲဟာတော့ အခုအချိန်မှာ သူတို့ရဲ့ ကံကြမ္မာကို ရုတ်ချည်း ဆုံးရှုံးလိုက်ရပါပြီ!

ပရိသတ်က သူတို့ရဲ့ အကြည့်တွေကို screen ကနေ မဖယ်ရဲတော့ဘူး။ တကယ်လို့မီးနဲ့အားကျင့်သာ အစပိုင်းထဲကအသတ်ခံခဲ့ရပါက တစ်ပွဲလုံးမှာ ဟာဂင်ဒတ်စ်အသင်းကကျော်တက်သွားတော့မှာပဲ!

host ကလဲ ကြောက်လန့်နေလျက် ရှင်းပြလာသည်။

"ဂိမ်းစပြီးနောက်မှာပဲ အခြေအနေတွေက လွမ်းမောဖွယ်ချစ်ခြင်းအသင်းကိုမျက်နှာသာမပေးနေပါဘူး။ကျွန်တော်တို့တွေ မီးနဲ့ အားကျင့်ကအတိုက်ခိုက်ခံနေရပြီး ကြိုးကြာရိုင်းနဲ့ လွင့်မျောတိမ်တိုက်ကတော့ တခြားဂူမှာပေါ်လာတာကိုတွေ့နေရပါတယ်။ထို့အချိန်မှာတော့ရေသေနဲ့ ရှူကျီးကျာ့လန်က ချောက်ကမ်းပါးအောက်ခြေက မြစ်ကမ်းပါးရဲ့ ကျောက်တုံးပေါ်မှာပါ။သူတို့ တစ်ယောက်မှ အခြေအနေကို ရှင်းရှင်းလင်းလင်းမသိနေပဲ channel ထဲမှာမြေပြင်အကြောင်းဆွေးနွေးနေကြပါတယ်..."

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now