118:အနိုင်ရသွားတဲ့ဖာရက်လေး

Start from the beginning
                                    

[T/N တန်းလန်းကြီးလို့ပြောချင်တာပါ]

ဒီနာကျင်စရာအဖြစ်အပျက်အတွင်းမှာတော့ ဟာဂင်ဒတ်စ် အသင်းရဲ့ မဲက လျင်မြန်စွာပဲတိုးလာခဲ့တော့သည်။ကြည့်ရတာတော့ အားကျင့်ကိုအမြန် အဆုံးသတ်နိုင်စေရန်ခွေးနတ်ဆိုး အား မဲပေးခြင်းဖြင့် ပရိသတ်က ထောက်ခံချင်ပုံရလေရဲ့!

ပွဲက နည်းနည်းဆွဲသွားပေမယ့် အားကျင့်ကိုမကောင်းပြောတဲ့သူအနည်းငယ်တော့ရှိသေးသည်။အားကျင့်ကတိုက်ရိုက် 3 ကြိမ်တိုက်ခိုက်ပြီးနောက်တွင် တော့ လူတွေက အားကျင့်ကတိုက်ခိုက်တာတွေ ရှောင်ရှားတာတွေ တခြားစကေးတွေမှာကောင်းကြောင်းသတိထားမိလိုက်ကြသည်။သူကဒီတိုင်းချစ်ဖို့ကောင်းပြီး အသုံးမဝင်တဲ့ pet တစ်ကောင်တော့မဟုတ်ခဲ့ဘူးပဲ

ပြီးတော့ သေချာဂရုစိုက်ကြည့်တဲ့ သူတွေက အားကျင့်နဲ့ ခွေးနတ်ဆိုးကြားသွေးကွာခြားချက်က အစပိုင်းက 5% ရှိသော်လည်း ယခုအခါ 3 % သာကွာတော့ကြောင်းသတိထားမိလိုက်ကြသည်။host တွေရဲ့ ရှင်းလင်းချက်တွေနဲ့အတူ ပရိတ်သတ်များသည် ပထမက အားကျင့်နိုင်နိုင်ချေမရှိလို့ထင်ခဲ့ကြသည် အခုချိန်မှာတော့သူတို့ အားကျင့်ရဲ့ ပါဝါကိုအထင်ကြီးသွားပြီပင်။ဘာလို့ဆို သူက fairy pet ရဲ့ ဉီးဆောင်သူစာရင်းက အဆင့် 1 ကို မောပန်းအောင်လုပ်နိုင်ခဲ့လိုပါပဲ

ကြည့်ရှုဧရိယာကနေပြီးတော့လူတချို့ကလဲမေးနေလေရဲ့

"အားကျင့်ကခွေးနတ်ဆိုးကို သွေးတွေခမ်းခြောက် သွားတဲ့အထိစုပ်ယူဖို့ကြံနေတာလားဟ?"

ရုတ်တရက် သူမှန်ကြောင်း သက်သေပြချင်နေသလိုပဲ- အခြေအနေကို ချက်ချင်းပြောင်းသွားစေသည့် မြင်ကွင်းတစ်ခု ရှိနေသည်။

တစ်ဖန် အားကျင့် သည် ဂျုံခင်းထဲမှ ပေါ်လာပြီး ခွေးနတ်ဆိုး ၏ နောက်ကျောကို ကုတ်ခြစ်ကာဖြင့်  ရှေ့သို့ ပြေးသွားခဲ့သည်။ လူအချို့က ရေတွက်ရန် အတွက် stopwatch ကိုတောင်သုံးခဲ့ကြသေးတယ်။ တစ်မိနစ်ကွက်တိမှာတော့ အားကျင့်ကပျောက်သွားပြန်ပါရော!

ဒါပေမယ့် ဒါပြီးတဲ့နောက်မှာတော့ အားကျင့်ရဲ့သွေးက 5% သို့ ကျဆင်းသွားပြီးခွေးနတ်ဆိုးသည် တော့ 4%ကိုကျသွားခဲ့လေသည်။အဲ့ဒါကအားကျင့်ထက်တောင်နည်းသွားပြီဟ!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now