Arc 4🗡118🗡ပိုက်ဆံဆုံးရှုံးရပြီ

Start from the beginning
                                    

လုရွှမ်မှာ လက်ဖက်ရည် သောက်နေတာကြောင့် သူ့လက်ဖက်ရည်တွေကို ထွေးထုတ်လုနီးပါး ဖြစ်သွား၏။ စောစောတုန်းက သူက ဒီအတိုင်း ဝင်ကူပြောပေးရုံပဲလေ။

"ဟုတ်တယ်....သူဌေး သူ့ဇနီးကို ကောင်းကောင်း မဆုံးမတဲ့အတွက် နောက်ဆက်တွဲ အငြင်းပွားမှုတွေ ဖြစ်လာခဲ့တာ.... သူလည်း ပေးသင့်တယ်"

ဟုန်ချောင်မှ ပြောပြပြီးနောက် ဟော့လန်ဖုန်း ညီအစ်ကို ရှစ်ယောက်စလုံး တုံ့ပြန်လာကြပြီး လုရွှမ်အား ဒေါသမျက်လုံးဖြင့် စိုက်ကြည့်နေကြသည်။ ခန်းမအတွင်းရှိ လူတိုင်းကလည်း တစ်ချက်ကြည့်လိုက်ကြသည်။

လုရွှမ် နှင့် ဟုန်ချောင်တို့ကြားက ဆက်ဆံရေး အကြောင်းကို လူအများစုက သိကြသော်လည်း ဟာသတွေ ကြည့်နေရသလို တစ်ယောက်မှ ဝင်မထောက်ကြပေ။

လုရွှမ် သူမ၏ လိမ္မာပါးနပ်မှုကို ဂုဏ်ယူနေသကဲ့သို့ မာနကြီးသော မျက်နှာဖြင့် မျက်တောင်ခတ်နေသော ဟုန်ချောင်ကို ကြည့်လိုက်သည်။

ပိုင်ရှင်သူဌေးမက တစ်ချက် ကြည့်လာကာ

"ဟုတ်လား?"

သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသော ကာလ။ ဤခွန်အားသည် ဒီကလူတိုင်းကို လက်တစ်ချက်ဝေ့ကာ ပြဿနာမရှိဘဲ ဖယ်ထုတ်ပစ်နိုင်သည်။ လုရွှမ် သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။

ငွေဖြုန်းတီးခြင်းဟု မှတ်ယူနိုင်သော်လည်း ဘေးဥပဒ်ကို ရှောင်ရှားနိုင်သည်။ ဝိညာဉ်ကျောက်တုံး ၂၀၀၀၀ သည် သူ့အတွက် အနည်းငယ်မျှ မဟုတ်ပေ။

အရင်က ဝိညာဉ်ကျောက်တုံးတွေ ရဖို့ကို သိပ်ပြီး မစဉ်းစားခဲ့ပေမယ့် အများစုကို ကျင့်ကြံတဲ့နေရာမှာ သုံးပြီး ကျန်တာတွေကို နတ်ဆေးလုံးမြို့က လူတွေဆီ ထားခဲ့တာကြောင့် သူ့မှာ များများစားစား မပါတော့ပေ။

သူ့အမြင်အရတော့ အနာဂတ်မှာ အနည်းဆုံး အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးတွေ လိုအပ်မှာ ဖြစ်ပြီး ဒီအဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေကို သဘာဝအတိုင်း မလိုအပ်တော့ပါ။

သို့သော် ဤကဲ့သို့သော ဝိညာဉ်ကျောက်တုံး ၂သောင်းကို လွှတ်​ပေးလိုက်ရုံဖြင့် ဤမိန်းကလေးကို သက်သာစေမှာ ဖြစ်သဖြင့် လုရွှမ် ဟုန်ချောငဘက်သို့ လျှောက်သွားခဲ့သည်။  ရုတ်တရက် သူသည် ဟုန်​ချောင်ရဲ့ ရင်ဘတ်ကို ရိုက်ချလိုက်ရာ စူးရှသော အသံတစ်ခုထွက် ပေါ်ထွက်လာခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now