{၁၆}U/Z

4.5K 656 117
                                    

Unicode

လက်ပံတစ်ပွင့် ကောက်ခဲ့ဦး (၁၆)

လူမှန်းသိတတ်စ ဆိုသည့်စကားက လူတွေ၏ မှတ်ဉာဏ်စွမ်းရည်ပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားသည့် အသက်အပိုင်းအခြားပင်။ လောဟိတံအတွက်တော့ လူမှန်းသိတတ်စ ဆိုသည့်အချိန်က သာမန်ကလေးတွေအတွက် စောလွန်းလှပေသည်။ သူဟာ လူတစ်ယောက်ဆိုတာကို နားလည်လာပြီး၊ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်သည့် အပြုအမူတွေ၊ နားလည်ရမည့်အရာတွေကို စပြီးနားလည်လာသည့် အချိန်က သူများတွေ အပူပင်ကင်းကင်း ပတ်ပြေးပြီးဆော့နေတုန်းအရွယ်ပင်။ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ကြီးကြီးမားမား မဝေခွဲနိုင်သေးသည့်တိုင် အနည်းငယ်တော့ သဘောက်ပေါက်နိုင်သည့် အချိန်ကာလ အပိုင်းအခြားတစ်ခု။

သူ လူမှန်းသိတတ်စအရွယ်တွင် သူ့ပတ်ပတ်လည်ရှိ အရာများသည့် ရွှေရောင်တဝင်းဝင်း သန်းကာ တောက်ပြောင်နေခဲ့သည်။ ရွှေရောင်ဝင်းနေသည့် တိုင်လုံးကြီးတွေ၊ တန်ဖိုးကြီးလှသည့် ပန်းကန်ခွက်ယောက်တွေ၊ အကောင်းဆုံး ကတ္တီပါနှင့် ပြုလုပ်ထားသည့် သလွန်တွေ၊ ကျောက်မျက်ရတနာတွေ၊ အမြဲတစေ ခေါင်းငုံ့ခစားနေကြသည့် လူတွေက သူ့အနီးနားမှာ ပြည့်နှက်လို့နေသည်။ နန်းတော်ထဲမှာ နေရတာက ရွှေပေါ်ကို မြတင်ထားသလို အကောင်းဆုံး အရာတွေနှင့် ပြည့်နှက်နေကြသည်ဟု ဆိုကြလေသည်။ ရာထူးရာခံ မြင့်လေလေ အဆောင်အယောင်တွေက ပိုပြီး ကောင်းမွန်လေလေပင်။

လောဟိတံ၏ မိခင်ဖြစ်သူ မဏိက တိုင်းပြည်တစ်ခုလုံးကို အုပ်စိုးရသည့် ရွှေနန်းရှင်၏ နှမငယ်ဖြစ်ကာ မိဖုရားခေါင်ကြီးမှ ဖွားမြင်လာသည့် တစ်မအေ၊ တစ်ဗိုက်တည်းထွက်သည့် သွေးသားရင်းခြာပင်။ ဣန္ဒနီလာကတော့ ရွှေနန်းရှင်၏ အစ်မတော်ဖြစ်သည့်တိုင် အလယ်နန်းမိဖုရားမှ မြင်သည့် သွေးသားဖြစ်တာကြောင့် ယခင် ဘုရင်မင်းမြတ်၏ ဘွဲ့ရာထူးပေးအပ်ထားပုံအရ မဏိမှာ ဣန္ဒနီလာထက် ငယ်သည့်တိုင် အဆင့်အတန်းမှာတော့ ပို၍ သာလွန်ကာ အစ်ကိုတော်ဖြစ်သည့် ရွှေနန်းရှင်ဆီမှ အချစ်ခံရသည့် မဏိက အလိုအလျောက် နန်းတော်ထဲ၌ အာဏာစက် ပိုပြင်းလေသည်။

လက်ပံတစ်ပွင့် ကောက်ခဲ့ဦး[ခေတ္တရပ်နား]Where stories live. Discover now